Home
မြန်မာသတင်း
မှော်ဘီမြို့နယ် GE တပ် အရာရှိရိပ်သာ ‌ဗုံးခွဲတိုက်ခိုက်ခံရ
DVB
·
February 20, 2022

ရန်ကုန်တိုင်း မှော်ဘီမြို့နယ် Supply GE တပ် အရာရှိရိပ်သာကို ‌ဗုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ မှော်ဘီတော်လှန်ရေးအင်အားစုက ထုတ်ပြန်ကြေညာထားပါတယ်။ 

မနေ့ည ၉ နာရီ ၁၀ မိနစ်မှာ ‌Hmawbi Revolution Force, ACPLF, Yangon People's Defense Force (Bahan) အဖွဲ့တွေ ပူး‌ပေါင်းပြီး လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခဲ့ရာမှာ အရာရှိနဲ့ ခန်းမှန်းခြေ ၃ ယောက်လောက် ထိခိုက်ဒဏ်ရာ ရနိုင်ပြီး သေဆုံးတာကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

သင်္ဃန်းကျွန်းမြို့နယ် စံပြစေးအနီး လေးထောင့်ကန်လမ်းမကြီး နဲ့ သံသုမာလမ်းထောင့် မြဝတီဘဏ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း အဝေးထိန်းဗုံး ၁ လုံးနဲ့  လက်ပစ်ဗုံး ၂ လုံး အသုံးပြုပြီး တိုက်ခိုက်ရာမှာ ၅ ယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်က စစ်ကောင်စီရဲ့ လေတပ်စစ်ဌာနချုပ်ကိုလည်း ဖေဖော်ဝါရီ ၁၈ ရက် ညက  ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ People Force ပြည်သူ့အင်အားစုက ထုတ်ပြန်ထားပါတယ်။

တိုင်းရင်းသားဒေသတွေကို ဗုံးကြဲတိုက်ခိုက်နေတဲ့ Fighter ဂျက်လေယာဉ်တွေ ထားရှိတဲ့နေရာကို တော်လှန်ရေးရဲဘော်တွေက ဝင်ရောက်ကာ လေယာဉ်ကို ဗုံးဆင်ခဲ့ပြီး ည ၁၁ နာရီ ၄၀ မိနစ်မှာ အဝေးထိန်းခလုတ်နှိပ်ဖောက်ခွဲခဲ့တာလို့ ဆိုပါတယ်။

ဗုံးခွဲတိုက်ခိုက်မှုကြောင့် YAK 130 တိုက်လေယာဉ်အမျိုးအစား လေယာဉ်အမှတ် 1802 နဲ့ 1803 တို့ ပျက်စီးသွားတယ်လို့ PVTV သတင်းဌာနမှာလည်း ဖော်ပြထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024