Live
Home
မြန်မာသတင်း
HIV/AIDS နှင့် ကျေးလက်ဒေသ အသက်မွေးဝမ်းကျောင်းအတွက် ADB ဘဏ်က ဒေါ်လာ ၁၀ သန်း သုံးမည်
DVB
·
February 15, 2014
မြန်မာနိုင်ငံ ကျေးလက်ဒေသ အသက်မွေးဝမ်းကျောင်းနဲ့ HIV ကာကွယ်ရေးလုပ်ငန်းတွေ အတွက် ဂျပန်ရန်ပုံငွေနဲ့ ဆောင်ရွက်ဖို့ ADB အာရှဖွံ့ဖြိုးရေးဘဏ်က စီစဉ်နေပါတယ်။ ADBbankဂျပန်ရန်ပုံငွေက တဆင့် ဂျပန်အစိုးရက ပေးမယ့် ထောက်ပံ့ငွေအတွက် မြန်မာနိုင်ငံအစိုးရနဲ့ အာရှဖွံ့ဖြိုးရေးဘဏ်တို့ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြောင်း ဖေဖော်ဝါရီ ၁၄ ရက် ညနေ ၆ နာရီက ရန်ကုန်မြို့ IBC ခန်းမမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ကျေးလက်ဒေသ အသက်မွေးဝမ်းကျောင်းအတွက် ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၁၂ သန်း နဲ့ HIV/AIDS အတွက် အမေရိကန် ဒေါ်လာ ၁၀သန်းသုံးစွဲသွားမယ်လို့ ထုတ်ပြန်ပါတယ်။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၊ အလယ်ပိုင်းခြောက်သွေ့ဇုန်၊ တနင်္သာရီဒေသနဲ့ ရှမ်းပြည်နယ်ရှိ ကျေးရွာတွေမှာ အဓိက ဆောင်ရွက်သွားမှာဖြစ်ပြီး ခုစီမံကိန်းနှစ်ခုကို ဒေသခံ အန်ဂျီအို အဖွဲ့အစည်းတွေနဲ့ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။ ဖိလစ်ပိုင်နိင်ငံ မနီလာမြို့မှာ အခြေစိုက်တဲ့ အာရှဖွံ့ဖြိုးရေးဘဏ် ADB ကို ၁၉၆၆ ခုနှစ်က တည်ထောင်ခဲ့ပြီး အဖွဲ့ဝင် ၆၇ နိုင်ငံ ပါဝင် ဖွဲ့စည်းထားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024