ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်မှာရှိတဲ့ နောက်မီးကျေးရွာမှာ ဖေဖော်ဝါရီ ၇ ရက် မန့ညပိုင်းက မီးလောင်ကျွမ်းမှုကြောင့် အလုပ်သမားတန်းလျား ၂ ခု မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အမှတ် ၅ ရပ်ကွက်မှာရှိတဲ့ အလုပ်သမားတန်းလျားမှာ ည ၈ နာရီခွဲလောက်ကစတင်ကာ မီးလောင်ကျွမ်းခဲ့တာ ဖြစ်ပြီး ၉ နာရီလောက်မှာ မီးထိန်းနိုင်ခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“အလုပ်သမားတွေနေတဲ့ တန်းလျားက စလောင်တာ ဓနိမိုးနဲ့ ဝါးခင်းဆိုတော့ ပိုလောင်အားကောင်းတာပေါ့။ ဒါတောင် ဒေသခံတွေညီလို့ သိပ်မပါသွားတာ။”
အဆိုပါမီးလောင်မှုနဲ့ပတ်သက်ပြီး အလုပ်သမားတန်းလျားပိုင်ရှင်တွေဖြစ်တဲ့ ဦးဇင်အောင်နဲ့ ဦးနိုင်ဝင်းတို့ကို ရဲတပ်ဖွဲ့က စစ်ဆေးနေပါတယ်။
ဖျာပုံမြို့နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မီးလောင်ကျွမ်းမှုဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။