Home
မြန်မာသတင်း
ပဋိပက္ခဖြေရှင်းရေး ရခိုင်ညီလာခံ ဧပြီတွင် ကျင်းပမည်
DVB
·
February 10, 2014
လက်ရှိ ရခိုင်ပြည်နယ်မှာ ကြုံတွေ့နေရတဲ့ ပဋိပက္ခတွေ ဖြေရှင်းဖို့ ရခိုင်လုထု အားလုံးပါဝင်တဲ့ ညီလာခံတခုကို ဧပြီလထဲမှာ ကျင်းပဖို့ သတ်မှတ်လိုက်ပါတယ်။ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ဖြေရှင်းဖို့ ပြည်တွင်းပြည်ပက ရခိုင်လုထုတွေ အားလုံးပါဝင်တဲ့ ညီလာခံတခုကို လာမယ့် ဧပြီလ ၂၇ ရက်နေ့ကနေ မေလ ၁ ရက်နေ့အထိ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ ကျင်းပဖို့ သတ်မှတ်လိုက်တာပါ။ [caption id="attachment_51505" align="alignright" width="300"]ရခိုင်အမျိုးသား ညီလာခံ ဖြစ်မြောက်ရေး ဆွေးနွေးနေစဉ် ရခိုင်အမျိုးသား ညီလာခံ ဖြစ်မြောက်ရေး ဆွေးနွေးနေစဉ်[/caption] ကျင်းပဖို့အတွက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်တဲ့ ၄ ကြိမ်မြောက် ရခိုင်အမျိုးသား ညီလာခံ ဖြစ်မြောက်ရေးအပြီး ဒီနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ချမှတ်လိုက်တာ ဖြစ်ပါတယ်။ လက်ရှိရခိုင်ပြည်နယ်မှာ ဘင်္ဂါလီနဲ့ ရခိုင်လူထုတွေအကြား ဖြစ်ပွားနေတဲ့ ပြဿနာတွေနဲ့ ဦးအေးသာအောင် နဲ့ အဖွဲ့တို့ မလေးရှားခရီးစဉ်မှာ သေနတ်နဲ့ ပစ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်တာလည်း ညီးလာခံဖြစ်မြောက်ရေးအတွက် အခက်အခဲ မဟုတ်ဘူးလို့ ပြောပါတယ်။ ဒါပေမယ့် အစိုးရတပ်နဲ့ အပစ်ခတ်ရစဲရေး လက်မှတ်မထိုးထားသေးတဲ့ ရခိုင်း လက်နက်ကိုင်အဖွဲ့တွေရှိနေတဲ့အတွက် ရခိုင်အမျိုးသားညီလာခံကြီးကို တက်ရောက်နိုင်ဖို့ အဟန့်အတားဖြစ်နိုင်သလားဆိုတာကလည်း သံသယ ရှိနေပါတယ်။ ၄ ကြိမ်မြောက် ရခိုင်အမျိုးသားညီလာခံ ဖြစ်မြောက်ရေး အစည်းအဝေးမှာ ရခိုင်အမျိုးသားသွေးစည်းညီညွတ်ရေး အမျိုးသားတန်းတူရေး နဲ့ တရာမျှတရေး လုံခြုံငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်တဲ့ ရခိုင်လူ့ဘောင်သစ်တရပ်ပေါ်ထွန်းရေးတွေကို သဘောတူချမှတ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ရခိုင်အမျိုးသားညီလာခံ ဖြစ်မြောက်ရေး ကျော်မတီ ဦးသာဘန်း ဦးဇော်အေးမောင်၊ ခိုင်သုခ နဲ့ ဗိုလ်မှူးကြီးကျော်ဟန် တို့က ညီလာခံဖြစ်မြောက်ရေးအတွက် ဦးအောင်မင်း ဦးဆောင်တဲ့ မြန်မာ Peace Center နဲ့ တွေဆုံမှာဖြစ်ပါတယ်။ လွတ်လပ်ရေးမရခင် ၁၉၄၇ ခုနှစ်တုန်းကလည်း ရခိုင်ပြည်နယ်မှာ ဗိုလ်ချုပ်အောင်ဆန်း နဲ့ အတူ ရခိုင် နိုင်ငံရေးအင်အားစုတွေစုပေါင်းပြီး ညီလာခံကြီးတခု ကျင်းပခဲ့ပါသေးတယ်။ အခုပြုလုပ်မယ့် ရခိုင်အမျိုးသားညီလာခံဟာလည်း ရခိုင်တမျိုးသားလုံး ရင်ဆိုင်နေရတဲ့ အမျိုးသား အကျပ်အတည်း နဲ့ နိုင်ငံရေးအခင်းအကျင်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မယ့် သမိုင်းဝင် ညီလာတခုဖြစ်မယ်လို့လည်း ရခိုင်နိုင်ငံရေး ခေါင်းဆောင်တွေက ယုံကြည်နေကြပါတယ်။ အသံဖိုင်နားဆင်ရန်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024