ပစိဖိတ်သမုဒ္ဒရာတွင်း တရုတ် ရေတပ် စစ်ဆင်ရေးလေ့ကျင့်

တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် ပီအယ်အေရဲ့ တောင်တရုတ်ပင်လယ် ရေတပ်အုပ်စုက စစ်သင်္ဘော အုပ်စုတစုဟာ ဖေဖော်ဝါရီလ ၇ ရက်နေ့က အနောက်ပစိဖိတ်သမုဒ္ဒရာတွင်း နည်းဗျူဟာမြောက် တိုပီဒိုနဲ့ လက်နက် ပစ်ခတ် လေ့ကျင့်မှုတွေကို လုပ်ခဲ့ကြပါတယ်။ Chinese Navyကမ်းတပ်ရေယာဉ်နဲ့ ဖျက်သင်္ဘော ၂ စီးပါတဲ့ စစ်ရောယာဉ်အုပ်စုက မနက် ၇ နာရီ မိနစ် ၅၀ က စပြီး စစ်ဆင်ရေးလေ့ကျင့်မယ့် ရေပြင်ဆီကို စထွက်ခဲ့တာပါ။ အဲဒီနောက် ကမ်းတက်ယာဉ် ချမ်ဘိုင်ရှန်က ရေမိုင် ၃မိုင် အကွာမှာရှိတဲ့ ပစ်မှတ်ဆီကို မနက် ၈နာရီခွဲက စတင် ပစ်ခတ် လေ့ကျင့်ပါတယ်။ အဲဒီအချိန်မှာပဲ ဖျက်သင်္ဘော ၀ူဟန်နဲ့ ဟိုက်ခေါ်တို့က ပစ်မှတ်ဆီကို ပူးတွဲ ပစ်ခတ် လေ့ကျင့်ပါတယ်။ ထောက်လှမ်းမှုအရ ပစ်မှတ်အားလုံးကို ထိမှန်တယ်လို့ ဆိုပါတယ်။ တောင်တရုတ်ပင်လယ် တပ်မဟာ စစ်ကြောင်းက စစ်သင်္ဘောစုရဲ့ ကက်ပတိန် ချန်ယွဲ့ကီ ကတော့ ရှုပ်ထွေးတဲ့ အခြေအနေအောက်မှာ ပူးတွဲစစ်ဆင်ရေး စွမ်းရည်တွေကို တည်ဆောက်ပြီး အဆက်မပြတ် ရေကြောင်းလမ်းကြော ရှာရင်းနဲ့ လက်နက်တွေရဲ့ လုပ်ဆောင်နိုင်စွမ်းကို စမ်းသပ်တာလို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up