ယူကရိန်းနှင့် စစ်မဖြစ်ချင်ဟု ရုရှား ပြော

ရုရှားဟာ ယူကရိန်းနဲ့ စစ်မဖြစ်ချင်ဘူးလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီလ် လာ့ဗ်ရော့ဗ်က ဇန်နဝါရီ  ၂၈ ရက်မှာ ပြောလိုက်ပါတယ်။

အမေရိကန်အစိုးရက နောက်လမှာ ရုရှားအစိုးရဟာ ယူကရိန်းကို ကျူးကျော်ကောင်း ကျူးကျော်နိုင်တယ်လို့ သတိပေးအပြီးမှာ ခုလို ပြောလိုက်တာပါ။

ရုရှားအစိုးရဟာ ယူကရိန်းအစိုးရနဲ့ ပဋိပက္ခဖြစ်ဖို့ ကြိုးစားနေတာ မဟုတ်ဘူးလို့ လာ့ဗ်ရော့ဗ်က ရုရှားမီဒီယာကို သောကြာနေ့မှာ ပြောခဲ့ပေမဲ့ ရုရာ့းရဲ့ လုံခြုံရေး အကျိုးစီးပွားကို လျစ်လျူရှုတာမျိုးကို ခွင့်ပြုမှာ မဟုတ်ဘူးလို့လည်း သူက ထပ်ပြောပါတယ်။

ကြာသပတေးနေ့မှာ အမေရိကန်နဲ့ နေတိုး စစ်ရေးမဟာမိတ်အဖွဲ့တို့ဟာ ရုရှားရဲ့ လုံခြုံရေးဆိုင်ရာ တောင်းဆိုချက်တွေကို တုံ့ပြန်ခဲ့ပါတယ်။ 

အစောပိုင်းကတော့ ယူကရိန်းကို နေတိုးအဖွဲ့ဝင် နိုင်ငံဖြစ်မလာအောင် ရာသက်ပန် ပိတ်ပင်ဖို့ ရုရှား က နေတိုးအဖွဲ့ကို ကတိတောင်းခဲ့ပေမယ့် အပြုသဘောဆောင်တဲ့ တုံ့ပြန်ချက် မရှိခဲ့ဘူးလို့ ရုရှားက ပြောပါတယ်။

//
More News
Up