ထိုင်း ဆန္ဒပြလယ်သမားများအတွက် အလှူခံ

ထိုင်းဆန္ဒပြ လယ်သမားများ လမ်းမပိတ်ဆို့ ဆန္ဒပြနေစဉ် (ဓာတ်ပုံ - ရိုက်တာ)
ထိုင်းနိုင်ငံမှာ အစိုးရဆန့်ကျင်တဲ့ ဆန္ဒပြသမားတွေဟာ ဘန်ကောက်မြို့ပေါ်တက်ပြီး ဆန္ဒပြနေတဲ့ လယ်သမားတွေအတွက် ဖေဖော်ဝါရီ ၇ ရက် ဒီနေ့မှာ အလှူလိုက်ခံ နေပါတယ်။ [caption id="attachment_51380" align="alignright" width="300"]ထိုင်းဆန္ဒပြ လယ်သမားများ လမ်းမပိတ်ဆို့ ဆန္ဒပြနေစဉ် (ဓာတ်ပုံ - ရိုက်တာ) ထိုင်းဆန္ဒပြ လယ်သမားများ လမ်းမပိတ်ဆို့ ဆန္ဒပြနေစဉ်
(ဓာတ်ပုံ - ရိုက်တာ)[/caption]ဆန္ဒပြ ခေါင်းဆောင် ဆူသက် သောင်းဆုဘန်က ဦးဆောင်ပြီး လူစည်ကားတဲ့ စီးပွားရေးနယ်မြေ စီလုန်လမ်းမကြီးတလျှောက် အလှူခံနေတာပါ။ “လယ်သမားတွေကို ကျနော် စာနာတယ်။ ကျနော်တို့တောင် ဒီမှာ ဆန္ဒပြရတာ မလွယ်ပါ ဘူး။ လယ်သမားတွေ ဆိုရင် ပိုဆိုးတာပေါ့” လို့ ဆန္ဒပြသမားတဦးက ပြောပါတယ်။ ထိုင်းနိုင်ငံမှာ နိုင်ငံရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ အစိုးရဟာ လယ်သမားတွေကို ကတိပေးထားတဲ့အတိုင်း စပါးဖိုးပေးဖို့ ငွေအကြီးအကျယ် လိုအပ်နေပါတယ်။ ဈေးကွက်ပေါက်ဈေးထက် ဈေးမြှင့်ဝယ်တဲ့ စပါးဝယ်ယူရေးအစီအစဉ်ဟာ လောလောဆယ် လွှတ်တော် ဖျက်သိမ်းထားရတာနဲ့ အိမ်စောင့်အစိုးရရဲ့ လုပ်ပိုင်ခွင့် အကန့်အသတ်ကြောင့် မရေမရာ ဖြစ်နေပါတယ်။ အစိုးရရဲ့ အငြင်းပွားဖွယ် စပါးဝယ်ယူရေးအစီအစဉ်ဟာ ကျေးလက်လူထုရဲ့ ထောက်ခံမှုကို ရဖို့ကိစ္စနဲ့ ပတ်သက်နေပါတယ်။ အဲဒီ စပါးဝယ်ယူရေးကိစ္စမှာ အဂတိလိုက်စားမှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ရှိတာကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က အစီအစဉ်နဲ့ ၀န်ကြီးချုပ် ယင်းလပ်ရဲ့ အခန်းကဏ္ဍကို စုံစမ်းနေပါတယ်။ နိုင်ငံရေးအတိုက်အခံတွေရဲ့ လမ်းပေါ်ဆန္ဒပြပွဲတွေနဲ့ ရင်ဆိုင်နေရတဲ့အစိုးရဟာ လယ်သမားတွေရဲ့ ဆန္ဒပြပွဲတွေနဲ့လည်း တိုးပြီး ရင်ဆိုင်နေရသလို အတိုက်အခံက သပိတ်မှောက်ခဲ့တဲ့ ရွေးကောက်ပွဲအတွက် မဲဆွယ်တဲ့ကာလမှာ မရိုးမသား လုပ်ခဲ့သလားဆိုတဲ့ ကိစ္စကိုလည်း ရွေးကောက်ပွဲကော်မရှင်က စုံစမ်းနေပါတယ်။

//
More News
Up