Home
မြန်မာသတင်း
ယင်းမာပင်မြို့နယ်အတွင်း စစ်တပ်ပိုင် Mytel တာဝါတိုင် မိုင်းခွဲခံရ
DVB
·
January 28, 2022

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ်အတွင်းရှိ စစ်တပ်ပိုင် Mytel တာဝါတိုင် တစ်တိုင်ကို ဇန်နဝါရီ ၂၇ ရက်နေ့ ညနေ ၃ နာရီအချိန်က ဆရာစံ -YMB -PDF အဖွဲ့က မိုင်းခွဲဖြိုလှဲ ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ 

“စစ်ကောင်စီရဲ့ ထောက်တိုင်တွေကို ဖျက်ဆီးတာနဲ့ ကျနော်တိုရဲ့ မကျေနပ်ချက်တွေကို  ဖော်ထုတ်ပြတာ” လို့ ဆရာစံ -PDF အဖွဲရဲ့ တာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။

တာဝါတိုင်က ရရှိလာတဲ့ ကုန်ကြမ်းတွေကို ဖောက်ခွဲရေးအတွက် အသုံးပြုသွားမှာဖြစ်ပြီး တခြားလိုအပ်တဲ့ ဖောက်ခွဲရေးအဖွဲ့ အစည်းတွေကိုလည်း ဖြန့်ဝေပေးသွားမယ်လို့ ဆိုပါတယ်။

ဆရာစံ -YMB -PDF အဖွဲ့အနေနဲ့ စစ်တပ်ပိုင် Mytel တာဝါတိုင် ၇ တိုင်ကို မိုင်းခွဲဖျက်ဆီး ထားနိုင်ပြီလို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024