အစိုးရနှင့် ပါကစ္စတန်တာလီဘန် ပထမအကြိမ် ဆွေးနွေး

ပါကစ္စတန်အစိုးရနဲ့ ပါကစ္စတန်တာလီဘန်တွေကြား ပထမအကြိမ် တွေ့ဆုံဆွေးနွေးပွဲကို အကြိမ်ကြိမ် ရက်ရွှေ့ဆိုင်းမှုတွေအပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်နေ့က အစ္စလမ္မာဘတ်မြို့မှာ စတင်လိုက်ပါတယ်။
[caption id="attachment_51373" align="alignright" width="300"]
ပါကစ္စတန်တာလီဘန်တွေဟာ ပါကစ္စတန်အစိုးရကို ဖြုတ်ချပြီး တင်းကျပ်တဲ့ အစ္စလာမ်အုပ်ချုပ်ရေးကို ထူထောင်ဖို့ ၂၀၀၇ ခုနှစ်ကတည်းက အစိုးရကို တိုက်ခိုက်နေခဲ့ပါတယ်။
နာဝပ်ရှရစ် ၀န်ကြီးချုပ် ပြန်ဖြစ်လာပြီးနောက်ပိုင်း တိုက်ခိုက်မှုတွေကို အဆုံးသတ်ပြီး ကြိုးစားခဲ့ပါတယ်။
အစိုးရ စေ့စပ်ရေးကိုယ်စားလှယ် အာဖန်ဆီဒီကွီက ရည်မှန်းချက်ပြည့်မီပြီး အဓိပ္ပာယ်ရှိတဲ့ရလဒ်ကို ဖော်ဆောင်နိုင်ဖို့ နှစ်ဖက်စလုံးက ကြိုးစားကြမှာ ဖြစ်ပါတယ်။
ဆွေးနွေးညှိနှိုင်းမှုတွေကတော့ အားတက်စရာပါပဲလို့ ပြောဆိုခဲ့ပါတယ်။ အခုဆွေးနွေးပွဲဟာ နောက်ဆက်တွဲဆွေးနွေးပွဲတွေ ဆက်လုပ်နိုင်ဖို့ ကနဦး တွေ့ဆုံ ညှိနှိုင်းပွဲပဲ ဖြစ်ပါတယ်။
အခုနှစ်အကုန်မှာ အာဖဂန်နစ္စတန်က နေတိုးတပ်တွေ ပြန်ရုပ်သိမ်းနိုင်စရာ ရှိတာကြောင့် အခု အစိုးရနဲ့ တာလီဘန်တွေအကြား သဘောတူညီမှုရဖို့ဟာ အရေးကြီးတယ်လို့ ဆိုပါတယ်။
အခု ဆွေးနွေးပွဲလည်း ပျက်ပြားခဲ့ရင် ဒေသတွင်း တည်ငြိမ်ရေးကို အရင်ထက်ပိုပြီး ထိခိုက် နိုင်တာကြောင့် ပါကစ္စတန်ရဲ့ အိမ်နီးချင်းနိုင်ငံတွေဟာ ဒီဆွေးနွေးပွဲကို အနီးကပ် စောင့်ကြည့်နေ ကြပါတယ်။
ပါကစ္စတန်ပြည်သူတွေကတော့ တာလီဘန်တွေရဲ့ နေ့စဉ်တိုက်ခိုက်နေမှုတွေကို အခု ဆွေးနွေးပွဲက အဆုံးသတ်နိုင်ဖို့ကိုတော့ သံသယရှိနေကြပါတယ်။