Home
သတင်းဓာတ်ပုံ
မလေးတွင် ပစ်ခတ်ခံခဲ့ရမှု ရခိုင်ခေါင်းဆောင်များ သတင်းစာရှင်းလင်း (ဓာတ်ပုံ)
DVB
·
February 7, 2014
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ဖေဖော်ဝါရီ ၅ ရက်နေ့ ညနေပိုင်းမှာ ရခိုင်တိုင်းရင်းသားခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ဦးအေးသာအောင်နဲ့ ဒေါက်တာအေးမောင် တို့အဖွဲ့ စီးလာတဲ့ကားကို သေနတ်နဲ့ လိုက်လံပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။ မလေးရှားနိုင်ငံမှာ အကြမ်းဖက်ခံခဲ့ရမှုနဲ့ ပတ်သက်ပြီး ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်ရှိ ရခိုင် ဓမ္မာရုံမှာ ရခိုင်တိုင်းရင်းသား ခေါင်းဆောင်တွေက ဒီနေ့မနက်ပိုင်း သတင်စားရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ မလေးရှားစံတော်ချိန် ည ၁၁ နာရီခွဲ လောက်မှာ ဆိုင်ကယ်နဲ့ လူ ၂ ဦးက သေနတ်နဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး ကားပေါ်ပါလာသူတွေ ထိခိုက်ဒဏ်ရာရတာမရှိပေမယ့် ကားမှာတော့ ကျဉ်ဆန် ၃ ချက်ထိမှန်ခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ [gallery ids="51357,51358,51359,51360,51361,51362"]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024