အာရေဗျပင်လယ်တွင် ရုရှားနှင့်တရုတ် ရေတပ် ပူးတွဲစစ်ရေးလေ့ကျင့်

ရုရှားနဲ့ တရုတ် ရေတပ်တွေ အာရေဗျပင်လယ်မှာ ဇန်နဝါရီ ၂၅ ရက်က ပူးတွဲစစ်ရေးလေ့ကျင့်မှု လုပ်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ကြေညာပါတယ်။ 

ယူကရိန်းပြဿနာ အနောက်အုပ်စုနဲ့ တင်းမာနေချိန်မှာ ရုရှားက တရုတ်နဲ့ စစ်ရေးပူးတွဲလေ့ကျင်မှုတွေ ပိုလုပ်ဆောင်လာတာပါ။

နှစ်နိုင်ငံရဲ့ စစ်သင်္ဘောတွေဟာ နည်းဗျူဟာမြောက် လေ့ကျင့်မှု၊ ပစ်မှတ်ကို အမြောက်တွေနဲ့ ပစ်ခတ်မှု၊ ပင်လယ်ဓားပြတွေ ဖမ်းဆီးထားတဲ့ သင်္ဘောတွေ ကယ်တင်မှုကို ပူးတွဲ လေ့ကျင့်ခဲ့တာပါ။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်ကပဲ အိန္ဒိယသမုဒ္ဒရာ မြောက်ဘက်မှာ ရုရှား၊ တရုတ်နဲ့ အီရန် သုံးနိုင်ငံရဲ့ ရေတပ်တွေ ပူးတွဲလေ့ကျင်ခဲ့ပါသေးတယ်။

//
More News
Up