ဝေးလံသီခေါင် တာဝန်ကျ ဆရာဝန်များကို လစာ ၃ ဆ ပေးမည်

ဒေါက်တာ ဖေသက်ခင်
ဝေးလံခေါင်သီ နယ်စပ်တွေမှာ ဆရာဝန်တွေ တာဝန်ထမ်းဆောင်ရတာ အဆင်ပြေအောင် လစာကို အစိုးရသတ်မှတ်တာထက် ၃ ဆ ပေးဖို့ ဆောင်ရွက်နေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က ပြောပါတယ်။ [caption id="attachment_41452" align="alignright" width="300"]ဒေါက်တာ ဖေသက်ခင် ဒေါက်တာ ဖေသက်ခင်[/caption]ဖေဖော်ဝါရီ ၅ ရက်နေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအတွင်း ၂၀၁၄ - ၁၅ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း ဥပဒေမူကြမ်း ဆွေးနွေးစဉ် သူက ထည့်သွင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ပုံမှန်လစာကို အစိုးရက ပေးမယ်၊ နယ်စပ်ဝန်ကြီးဌာနက နောက်ထပ် ၁ ဆ ပေးမယ်၊ သက်ဆိုင်ရာဒေသကလည်း ၁ ဆ ပေးရင် ၃ ဆ ဖြစ်လာမယ်လို့ သူက ပြောပါတယ်။ ဝေးလံခေါင်ဖျားနယ်စပ်တွေမှာ တာဝန်ကျတဲ့ ဆရာဝန်အများစုဟာ တာဝန်မထမ်း ဆောင်ချင်လို့ ပြန်ပြေးတာတွေ ရှိခဲ့ပြီး အရေးယူခဲ့ရတာတွေလည်း များတဲ့အကြောင်း၊ ဒါကြောင့် အလှည့်ကျ တာဝန်ပေးတဲ့စနစ် ပြန်ကျင့်သုံးမယ်လို့လည်း သူက ရှင်းပြပါတယ်။ မြန်မာနိုင်ငံမှာ ဆရာဝန်ပေါင်း ၃ သောင်းကျော် ရှိပေမယ့် ၁ သောင်းကျော်ပဲ နိုင်ငံဝန်ထမ်းတွေ ဖြစ်ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up