ထိုင်းအဓိက လမ်းမကြီးများကို ဆန္ဒပြလယ်သမားများ ပိတ်ဆို့

ဓာတ်ပုံ - ရိုက်တာ
ထိုင်းနိုင်ငံတလွှား အဓိကလမ်းတွေကိုတော့ လယ်သမားအုပ်စုတွေက ကြိုတင် ကြေညာထားတဲ့အတိုင်း ဒီနေ့ ပိတ်ဆို့ထားလိုက်ပါတယ်။ စပါးဝယ်ယူရေးအစီအစဉ် ကာလကြာရှည် နှောင့်နှေးနေမှုကို ဆန့်ကျင် ဆန္ဒပြရင်း နွန်တာဘူရီခရိုင်က စီးပွားရေးဝန်ကြီးဌာန အပြင်ဘက်မှာ စီတန်းလှည့်လည် နေပါတယ်။ [caption id="attachment_51330" align="alignright" width="300"]ဓာတ်ပုံ - ရိုက်တာ ဓာတ်ပုံ - ရိုက်တာ[/caption]ထိုင်းနိုင်ငံမြောက်ပိုင်းက တခြားလယ်သမားအုပ်စုကတော့ ဒီနေ့မနက်မှာ ထိုင်းဘုရင်ဆီကို အသနားခံလွှာ တင်သွင်းမှာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ အနောက်ပိုင်းခရိုင်တွေက လယ်သမားတွေကတော့ ရာမာ ၂ လမ်းမကြီးကို ဖေဖော်ဝါရီ ၁ ရက်နေ့က စပြီး ပိတ်ထားခဲ့တာ ဖြစ်ပါတယ်။ သူတို့ရဲ့ လှုပ်ရှားမှုဟာ နိုင်ငံရေးအရ မဟုတ်ဘဲ လိုလားချက်ကို မပေးရင် ၀န်ကြီးဌာနရှိရာ ရာမာ ၂ လမ်းမကြီးကနေ သူတို့ရဲ့ ဆန္ဒပြမှုကို လုံးလုံး ရွှေ့မှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။ ဒါ့အပြင် ထိုင်းတောင်ပိုင်းကို သွားတဲ့ လမ်းမကြီးရှိရာ လမ်းဆုံကိုလည်း ဆန္ဒပြသူတွေကို စေလွှတ်ပိတ်ဆို့မယ်လို့ ဆိုပါတယ်။ လယ်သမားတယောက်ချင်းစီအတွက် စပါးအာမခံကြေးစာချုပ်တွေမှာ ဖော်ပြထားတဲ့ ပမာဏရဲ့ အနည်းဆုံး ၈၀ ရာခိုင်နှုန်းငွေကို အိမ်စောင့်အစိုးရက ဖေဖော်ဝါရီ ၁၂ ရက် နောက်ဆုံးထား ပေးချေဖို့ လယ်သမားတွေက တောင်းဆိုထားပါတယ်။ စပါးဝယ်ယူရေး အစီအစဉ်မှာ အဂတိလိုက်စားမှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က စစ်ဆေးနေပါတယ်။ နိုင်ငံတော် စပါးမူဝါဒကော်မတီမှာ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ၀န်ကြီးချုပ် ယင်းလပ်အနေနဲ့ အဂတိလိုက်စားမှုတွေကို မျက်နှာလွှဲခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေအတွက်လည်း စစ်ဆေးရေးအဖွဲ့တရပ် ဖွဲ့စည်းဖို့ ကော်မရှင်က ဆုံးဖြတ်ထားတာ ရှိပါတယ်။ အာဏာရ ပွေ့ထိုင်းပါတီကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့အညီပဲ ဆောင်ရွက်ခဲ့တာလို့ ခုခံ ချေပနေပါတယ်။ စပါးဝယ်ယူရေးကိစ္စ အရှုပ်အရှင်းတွေကြောင့် ထိုင်းနိုင်ငံကနေ ဆန်တန်ချိန် ၁ သန်း ကျော်ကို ၀ယ်ယူမယ့် အစီအစဉ်ကို တရုတ်အစိုးရက ဖျက်သိမ်းခဲ့ပါတယ်။ ဆန်ဝယ်ယူရေး အစီအစဉ်ဟာ ၀န်ကြီးချုပ် ယင်းလပ် ရှင်နာဝပ် အစိုးရရဲ့ အရေးကြီးတဲ့ မူဝါဒ ဖြစ်သလို ဝေဖန်သူတွေကတော့ ဈေးကွက်ပေါက်ဈေးထက် ပိုပေးပြီး လယ်သမားတွေ ဆီကနေ စပါး ၀ယ်ယူခဲ့တဲ့ အစီအစဉ်မှာ အဂတိလိုက်စားမှုတွေ ရှိခဲ့ပြီး အမေရိကန်ဒေါ်လာ ၄ ဒဿမ ၄၆ ဘီလီယံ ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up