Home
မြန်မာသတင်း
စစ်ကောင်စီက အေအေတပ်ဖွဲ့ဝင်များအား ကိုဗစ်ကာကွယ်ဆေးထိုးပေး
DVB
·
January 25, 2022

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် စေတီတောင်ကျေးရွာရှိ ရက္ခိုင်တပ်တော် "အေအေ" တပ်ဖွဲ့ ဝင်တွေနဲ့ ဒေသခံတွေကို စစ်ကောင်စီလက်အောက်ခံ ဘူးသီးတောင်မြို့နယ် ကျန်းမာရေးဌာနက ကိုဗစ်ကာကွယ်ဆေးတွေကို ဇန်နဝါရီ ၂၄ ရက်မှာ ထိုးနှံပေးခဲ့တယ်လို့ တာဝန်ရှိသူထံက သိရပါတယ်။

စစ်ကောင်စီလက်အောက်ခံ ဘူးသီးတောင်မြို့နယ်အုပ်ချုပ်ရေးတာဝန်ရှိသူက "ဆေးထိုးတာက တော့ စေတီတောင်စုရပ်ပေါ့နော်။ ပြည်သူတွေလည်းပါတယ်။ အေအေဘက်က ခွင်ပြုချက် တောင်းထားတဲ့အတွက် တရားဝင်ခွင့်ပြုချက်အရ ဒီနေ့ကစပြီး ကိုဗစ်ကာကွယ်ဆေးထိုးနှံ ပေးတာရှိတယ်။" လို့ ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ ဘူးသီးတောင်မြို့နယ်ကျန်းမာရေးဌာန တာဝန်ရှိတစ်ဦးကလည်း ကိုဗစ်ကာကွယ်ဆေးထိုးပေးတာ ဟုတ်မှန်ကြောင်းနဲ့ စေတီတောင်ကျေးရွာစုရပ်မှာ ထိုးတာ ဘယ်လောက်အရေအတွက် ထိုးလဲဆိုတာ စာရင်းတက်မလာ သေးဘူးလို့ ပြောတယ်။

အေအေဟာ ၂၀၁၉-၂၀၂၀ ခုနှစ်တွေအတွင်း ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားခဲ့ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တဖွဲ့ဖြစ်ပြီး လတ်တလောမှာတော့ နှစ်ဖက်တပ်တွေ ယာယီ အပစ်အခတ်ရပ်စဲထားကြပါတယ်။

ဘူးသီးတောင်မြို့နယ်ရှိ ပြည်သူတွေအနေနဲ့ ကိုဗစ်ကာကွယ်ဆေးထိုးတာ ၆ ကြိမ်မြောက်ရှိသွားပြီဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွက် ကိုဗစ်ကာကွယ်ဆေးအလုံးရေ ၂ သိန်း ၃ သောင်းခွဲတမ်း ရရှိပြီး ဆေးထိုးပိုင်ခွင့်ရရှိတဲ့ လူအုပ်စု ၁၆ အုပ်စုကို ရွေးချယ် ထိုးပေးသွားမှာဖြစ်သလို အဲဒီဦးစားပေးအုပ်စု တွေထဲမှာ မသန်စွမ်းသူတွေနဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ EAOs တွေလည်း ပါဝင်ပါတယ်။

ဓာတ်ပုံ- AA

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024