ဂွါဒီယိုလာကို နည်းပြခန့်ရန် ဟော်လန်ဘောလုံးအဖွဲ့ချုပ် ကမ်းလှမ်းမည်

ဟော်လန်ဘောလုံးအဖွဲ့ချုပ်ဟာ နိုင်ငံအသင်းနည်းပြချုပ်အဖြစ်  ဂွါဒီယိုလာကို ခန့်အပ်ဖို့ ကမ်းလှမ်းသွားမယ်လို့သိရပါတယ်။

Mirror သတင်းစာရဲ့ဖော်ပြချက်အရ မန်စီးတီးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ ဟော်လန်နည်းပြချုပ်အဖြစ် ဂွါဒီယိုလာကို ခန့်အပ်ဖို့ ကမ်းလှမ်းသွားမယ်လို့ ဆိုပါတယ်။

နည်းပြဂွါဒီယိုလာဟာ မန်စီးတီးနဲ့ ၂၀၂၃ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး နိုင်ငံအသင်းနည်းပြ ဖြစ်ချင်တယ်လို့ ပြောခဲ့ဖူးပါတယ်။

ဒါ့အပြင် ဟော်လန်လက်ရွေးစင်အသင်းရဲ့ ဂန္ထဝင်ကစားသမားဖြစ်သူ ယိုအန်ခရိုက်ဖ်ဟာ ဂွါဒီယိုလာရဲ့ လက်ဦးဆရာဖြစ်တာကြောင့် ဟော်လန်အသင်းရဲ့ ကမ်းလှမ်းချက်ကို လက်ခံစဉ်းစားဖို့ ရှိပါတယ်။

ယိုအန်ခရိုက်ဖ်ဟာ ဘာစီလိုနာကို နည်းပြစဉ်က ဂွါဒီယိုလာကို အသင်းကြီးဆီ ခေါ်ဆောင်ပြီး နေရာပေးခဲ့သလို ဘောလုံးဒဿနတွေကိုလည်း သင်ကြားပြသပေးခဲ့ပါတယ်။

ခရိုက်ဖ်နဲ့ မတွေ့ခင်အထိ ဘောလုံးအကြောင်းကို ဘာမှနားမလည်ခဲ့ဘူးလို့ နည်းပြဂွါဒီယိုလာက ပြောခဲ့ဖူးပါတယ်။

လက်ရှိဟော်လန်အသင်းကို နည်းပြချုပ် ဗန်ဟားလ်က တာဝန်ယူနေပြီး ၂၀၂၂ ကမ္ဘာ့ဖလားအထိ ဆက်လက်တာဝန်ယူသွားမှာဖြစ်ပါတယ်။

//
More News
Up