ဟွန်ဒူးရပ်စ်လွှတ်တော်ဥက္ကဋ္ဌရွေးချိန် လွှတ်တော်အမတ်များ ရန်ပွဲဖြစ်ပွား

ဟွန်ဒူးရပ်စ်နိုင်ငံမှာ ဇန်နဝါရီ ၂၁ ရက်က လွှတ်တော်ဥက္ကဋ္ဌရွေးချယ်ပွဲ အစည်းအဝေး ကျင်းပနေချိန်မှာ ရွေးချယ်ခံ အမျိုးသမီးသမ္မတ စီယိုမာရာ ကက်စထရိုရဲ့ Free Party မှ လွှတ်တော်ကိုယ်စားလှယ်တွေ အချင်းချင်းကြား ခိုက်ရန်ဖြစ်ပွားခဲ့ပါတယ်။
လွှတ်တော်ဥက္ကဋ္ဌရွေးချယ်ရာမှာ စီယိုမာရာရဲ့ Free Party ပါတီမှ ကိုယ်စားလှယ် ၂၀ က ပြိုင်ဘက်ပါတီမှ ဟိုဟေကာလစ်ဇ်ကို ဥက္ကဋ္ဌ အဖြစ် တင်မြှောက်ခဲ့ပါတယ်။ အဲဒီနောက် မိမိပါတီအပေါ် သစ္စာဖောက်ခဲ့သူတွေကို ကျန်ကိုယ်စားလှယ်အများစုက ဒေါသဖြစ်ပြီး ခိုက်ရန်ဖြစ်ခဲ့တာပါ။
စီယိုမာရာကို ထောက်ခဲ့သူတွေက သူ့နာမည်ကို ထောက်ခံကြွေးကြော်ပြီး ပါတီသစ္စာဖောက်တွေ ကိုတော့ “သစ္စာဖောက် သစ္စာဖောက်” လို့ အော်ဟစ်ခဲ့ပါတယ်။
ပါတီသစ္စာဖောက်တို့ ရွေးချယ်ခဲ့တဲ့ လွှတ်တော်ဥက္ကဋ္ဌကိုလည်း လွှတ်တော်ထဲက မောင်းထုတ်ခဲ့ပါတယ်။
ဇန်နဝါရီ ၂၇ ရက်မှာ စီယိုမာရာ ကက်စထရိုဟာ သမ္မတကျမ်းသစ္စာကျိန်ဆိုမှာဖြစ်ပြီး အဲဒီ အခမ်းအနားကို အမေရိကန်ဒုသမ္မတ ကာမလာဟဲရစ် တက်ရောက်လာမှာ ဖြစ်ပါတယ်။ အခုတော့ စီယိုမာရာရဲ့ ပါတီအတွင်း အကွဲအပြဲတွေ ရှိနေပါတယ်။