ဩစတြေးလျအိုးပင်း အမျိုးသားတဦးချင်းတင်းနစ်ပွဲစဉ်တွင် မာရင်းရှလစ် အနိုင်ရ

စနေနေ့က ယှဉ်ပြိုင်သွားတဲ့ သြစတြေးလျအိုးပင်း အမျိုးသားတဦးချင်း တင်းနစ်ပွဲစဉ်မှာ ခရိုအေးရှား တင်းနစ်သမား မာရင်းရှလစ်က ရုရှား တင်းနစ်အကျော်အမော် အန်ဒရေးရူးဘလက်ကို အနိုင်ရပြီး နောက်တဆင့်ကို တက်သွားပါတယ်။

၂၀၁၄ ယူအက်စ်အိုးပင်းချန်ပီယံဟာ ဒီပွဲမှာ ရုရှားတင်းနစ်သမားကို အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရပါတယ်။

ပွဲအပြီးမှာ အန်ဒရေးနဲ့ တွေ့ဆုံခဲ့တဲ့အချိန်တိုင်း ခက်ခက်ခဲခဲ ကစားရတာချည်းပါပဲလို့ ပြောသွားပါတယ်။

တတိယပတ်လည်အဆင့်မှာတော့ မာရင်းရှလစ်ဟာ ကမ္ဘာ့အဆင့် နံပါတ် ၉ ဖြစ်တဲ့ ကနေဒါက ဖိလစ်အုဂျာ အရီယာစင်နဲ့ ယှဉ်ပြိုင်ရမှာပါ။

မနေ့က ယှဉ်ပြိုင်သွားတဲ့ အမျိုးသမီးတဦးချင်း တင်းနစ်ပွဲစဉ်မှာတော့ ရိုမေးနီးယားက ဆိုရာနာခရစ္စတာက ကမ္ဘာ့အဆင့် ၁၀ ရုရှားက အန်နာစတာစီယာ ပါဗလူချန်ကိုဗာကို အနိုင်ရပါတယ်။

ဆိုရာနာဟာ တတိယပတ်လည်မှာ ၂၀၂၀ ပြင်သစ်အိုးပင်း ချန်ပီယံ ပိုလန်နိုင်ငံက အီဂါရွှန်းတက်နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

//
More News
Up