မအူပင်မြို့တွင် နယ်ထိန်းရဲ ၁ ဦး ဓားဖြင့်ခုတ်ခံရ

ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ ဇန်နဝါရီ ၂၁ ရက်မနက်ပိုင်းက မြို့မရဲစခန်းက နယ်ထိန်းရဲတပ်ဖွဲ့ဝင် တယောက်  ဓားနဲ့ခုတ်ခံရလို့ ဆေးရုံပို့ဆောင်ထားရတယ်လို့ သိရပါတယ်။ 

မအူပင်မြို့မရဲစခန်းက နယ်ထိန်းရဲအဖွဲ့ဟာ အမှတ် ၃ ရပ်ကွက်နေ  အော်လေးဆိုသူကို မူးယစ်ဆေးဝါးသုံးစွဲတဲ့သတင်းရလို့ လာရောက် ဖမ်းဆီးရာကနေ ဓားနဲ့ပြန်ခုတ်တာခံရတာလို့ ဒေသခံတွေက ပြောပါတယ်။ 

မျက်မြင်တွေ့တဲ့ဒေသခံတဦးက“ရဲတွေက အရပ်ဝတ်တွေနဲ့ အော်လေးကိုလာဖမ်းတာ။ အော်လေးက ဓားနဲ့ပြန်ခုတ်တာ ရဲတွေက အော်လေးကို သေနတ်နဲ့ပစ်ဖမ်းတယ်။ နောက်တော့ နှစ်ယောက်လုံးကို ဆေးရုံကားနဲ့ ခေါ်သွားတယ်”လို့  ပြောပါတယ်။ 

ရဲတွေလာရောက်ဖမ်းဆီးချိန်မှာ ဓားနဲ့ပြန်ခုတ်ခဲ့သလို ရဲတွေသေနတ်ပစ်တာလည်းခံခဲ့ရတာကြောင့် အော်လေးနဲ့ နယ်ထိန်းရဲ မောင်မောင်တို့ကို ဆေးရုံကား ၂ စီးနဲ့ လာခေါ်သွားတာတွေ့ရတယ်လို့ ဆိုပါတယ်။

ဓားနဲ့ခုတ်တာခံခဲ့ရတဲ့  နယ်ထိန်းမောင်မောင်ဟာ  မအူပင်မြို့မှာ ကိုယ်ဝန်ဆောင် မတင်မော်လင်းကို ခိုးမှုနဲ့ဖမ်းဆီး ရိုက်နှက်စစ်ဆေးပြီး သတ်ဖြတ်တဲ့အထဲမှာ ပါဝင်ခဲ့တဲ့ ရဲတဦးလည်းဖြစ်ပါတယ်။

//
More News
Up