ထိုင်းဘတ်ငွေ ၂၀ တန်အသစ်ကို အမြင်အာရုံချို့ယွင်းသူပါ အသုံးပြုနိုင်စေရန် ထုတ်လုပ်မည်

အသစ်ပြောင်းလဲထုတ်လုပ်မယ့် ထိုင်းဘတ်ငွေ ၂၀ တန်ငွေစက္ကူကို  ၂၀၂၂ ခုနှစ် မတ်လ ၂၄ ရက်နေ့မှာ ထုတ်ဝေသွားမှာဖြစ်ပြီး အမြင်အာရုံချို့ယွင်းသူတွေပါ အလွယ်တကူ အသုံးပြုနိုင်အောင် ဖောင်းကြွဒီဇိုင်းနဲ့ ပြုလုပ်ထားတယ်လို့ ထိုင်းဗဟိုဘဏ်ရဲ့ချက်ကို ကိုးကားပြီး ဒေသတွင်းမီဒီယာတွေမှာဖော်ပြပါတယ်။

ဒါ့အပြင် ထိုင်းဘတ်ငွေ ၂၀ တန်ဟာ အသုံးများဆုံးငွေစက္ကူ ဖြစ်တာကြောင့် အရင်ငွေစက္ကူအဟောင်းနေရာမှာ ပိုလီမာငွေစက္ကူကို အစားထိုးအသုံးပြုမှာဖြစ်ပါတယ်။

ရည်ရွယ်ချက်ကတော့ ပိုလီမာငွေစက္ကူတွေဟာ အစိုဓာတ်နဲ့ အညစ်ကြေတွေးကို မစုပ်ယူတာကြောင့်တာရှည်ခံမှုနဲ့ သန့်ရှင်းမှုတို့အတွက်ရည်ရွယ်ပြီး ထုတ်လုပ်တာဖြစ်တယ်လို့ သိရပါတယ်။

ရေရှည်အသုံးခံနိုင်အောင် အခုလိုပြောင်းလဲထုတ်လုပ်လိုက်တဲ့အတွက် ပျက်စီးနေတဲ့ ငွေစက္ကူတွေနေရာမှာ ငွေစက္ကူအသစ်တွေရိုက်နှိပ်တဲ့ လိုအပ်မှုကိုလဲလျော့နည်းစေတယ်လို့လည်း ဆိုပါတယ်။ 

အခုအသစ်ထုတ်လုပ်မယ့်ငွေစက္ကူဟာ အရင်ငွေစက္ကူ အရွယ်အစားနဲ့ တူပြီး ဒီဇိုင်းပိုင်းဆိုင်ရာမှာတော့ အရင်ငွေစက္ကူအဟောင်းနဲ့ ပြောင်းလဲမှု အနည်းငယ်သာရှိပြီး လုံခြုံရေးအမှတ်သားတွေကတော့ ပိုမိုထည့်သွင်းပြီးပြုလုပ်ထားပါတယ်။

ထိုင်းနိုင်ငံရဲ့ လက်ရှိအသုံးပြုနေတဲ့ ငွေစက္ကူတွေထဲ ထိုင်းဘတ်ငွေ ၂၀ တန်ဟာ ငွေကြေးတန်ဖိုးအနိမ့်ဆုံး ငွေစက္ကူလည်း ဖြစ်ပါတယ်။

//
More News
Up