ကချင်ပြည်နယ် မြစ်ကြီးနားမြို ယုဇနရပ်ကွက် ကျောင်းထိုင်ဘုန်းကြီးကျောင်းလမ်းက ကားဝါယာရိန်းဝပ်ရှော့ဆိုင်အနီးမှာ ဇန်နဝါရီ ၁၉ ရက်နေ့ ည ၁၀ နာရီလောက်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။
ဗုံးပေါက်ကွဲမှုမှာ ဆက်သွယ်ရေးပင်မဆက်ကြောင်းကို ထိသွားတဲ့အတွက် Wifi အင်တာနက်လိုင်းတွေ ပြတ်တောက်သွားတယ်လို့ ယုဇနရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။
လက်လုပ်မိုင်းဗုံး ပေါက်ကွဲတာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရတဲ့သူ မရှိဘူးလို့ သိရပါတယ်။
မြစ်ကြီးနားမြို့မှာ အေးမြသာယာအဆင့်မြင့်ဈေးအနီးမှာလည်း ဇန်နဝါရီ ၁၅ ရက်နေ့က ဗုံးပေါက်ကွဲမှု ရှိခဲ့ပါတယ်။