ထိုင်းဆန် တန်ချိန် ၁ သန်းကျော် ၀ယ်မည့်အစီအစဉ် တရုတ်ဖျက်သိမ်း

ထိုင်းနိုင်ငံကနေ ဆန်တန်ချိန် ၁ သန်းကျော်ကို ၀ယ်ယူမယ့် အစီအစဉ်ကို တရုတ်အစိုးရက ဖျက်သိမ်းလိုက်တယ်လို့ ဘန်ကောက်ပို့စ်သတင်းစာမှာ ဖော်ပြပါတယ်။ File photo of a defense volunteer standing on sacks of rice at a warehouse in Ayutthaya provinceထိုင်းအစိုးရက လယ်သမားတွေဆီက ဆန်တွေကို ဈေးမြှင့်ဝယ်ယူခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ စုံစမ်းနေဆဲမို့လို အခုလို ဖျက်သိမ်းလိုက်တာလို့ အိမ်စောင့်အစိုးရ ကုန်သွယ်ရေး ၀န်ကြီးက ဖေဖော်ဝါရီ ၄ ရက်နေ့မှာ ပြောပါတယ်။ ထိုင်းနိုင်ငံမှာ အမျိုးသားအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ဆန်ကိစ္စ စုံးစမ်း နေတဲ့အချိန်မှာ ပြဿနာနဲ့ မပတ်သက်ချင်လို့ ဆန်တန်ချိန် ၁ ဒဿမ ၂ သန်းဝယ်ယူမယ့် အစီအစဉ်ကို တရုတ်အစိုးရက ဖျက်သိမ်းလိုက်တာလို့ ၀န်ကြီးက ပြောပါတယ်။ ဆန်ဝယ်ယူရေး အစီအစဉ်ဟာ ၀န်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်အစိုးရရဲ့ အရေးကြီးတဲ့ မူဝါဒ ဖြစ်သလို ဝေဖန်သူတွေကတော့ ဈေးကွက်ပေါက်ဈေးထက် ပိုပေးပြီး လယ်သမားတွေ ဆီကနေ စပါးဝယ်ယူခဲ့တဲ့ အစီအစဉ်မှာ အဂတိလိုက်စားမှုတွေ ရှိခဲ့ပြီး အမေရိကန်ဒေါ်လာ ၄ ဒဿမ ၄၆ ဘီလီယံ ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။ တချိန်တည်းမှာ စပါးဖိုး မရသေးတဲ့ လယ်သမားထောင်ပေါင်းများစွာကလည်း လမ်းမတွေ ကို ပိတ်ပြီး ဆန္ဒပြနေကြပါတယ်။

//
More News
Up