အီဂျစ်ကို တောင်ကိုရီးယားက ဒေါ်လာ ၁ ဘီလီယံ ချေးမည်

1.3K
တောင်ကိုရီးယားနိုင်ငံက အီဂျစ်နိုင်ငံကို အမေရိကန်ဒေါ်လာ တစ်ဘီလီယံ ချေးငွေပေးမယ့် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့တယ်လို့ သမ္မတ မွန်းဂျေးအင်းက အီဂျစ်မြို့တော် ကိုင်ရိုကို အလည်အပတ် ခရီးစဉ်အတွင်း ဇန်နဝါရီ ၂၀ ရက်မှာ ကြေညာပါတယ်။
ဒီချေးငွေတွေကို ငါးနှစ်အတွင်းပေးဖို့ မျှော်လင့်ထားတယ်လို့ အီဂျစ်ဆိုင်ရာ တောင်ကိုရီးယား သံအမတ်ကြီး ဟုန်ဂျင်းဝုခ်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။
သမ္မတမွန်းဟာ အီဂျစ်သမ္မတ အဘ်ဒယ်ဖှာတာအယ်လ်စီစီနဲ့အတူ သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်နဲ့ တယ်လီကွန်ဆက်သွယ်ရေးအပြင် အပြန်အလှန် ဆက်ဆံရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။
တောင်ကိုရီးယားသမ္မတရဲ့ ပင်လယ်ကွေ့ဒေသ ခရီးစဉ်ဟာ ဒီသီတင်းပတ် အစောပိုင်းမှာ စတင်ခဲ့တာပါ။