ယူကရိန်းနယ်စပ်နေရာ ၄ ခု၌ ရုရှားစစ်သည် ၁ သိန်း တပ်ချ

ယူကရိန်းနဲ့နယ်စပ်နားက ရုရှားနိုင်ငံအနောက်ပိုင်း နေရာ ၄ ခုမှာ ရုရှားစစ်တပ်တွေကို တပ်ချထားတာကို မက်ဇာနည်းပညာကုမ္ပဏီက လွှတ်တင်ထားတဲ့ ဂြိုလ်တုကနေ ရိုက်ယူထားပါတယ်။

ရုရှားအစိုးရဟာ ယူကရိန်း နယ်စပ်နားမှာ စစ်သည်အင်အား‌ ၁ သိန်းလောက် တပ်ချထားပါတယ်။

ဒါဟာ နေတိုး အနောက်လုံခြုံရေး မဟာမိတ်အဖွဲ့ထဲကို ယူကရိန်းက မပူးပေါင်းအောင် ဟန့်တားဖို့ စစ်ပြင်ဆင်နေတဲ့ လုပ်ရပ်လို့ အနောက်ဥရောပအစိုးရတွေက ပြောပါတယ်။

ရုရှားဟာ ယူကရိန်းနဲ့ ပတ်သက်ပြီး လှုပ်ရှားတော့မယ် အပြည့်အဝ ကျူးကျော်စစ်အတွက် ကျေကျေနပ်နပ် ပေးဆပ်လိမ့်မယ်လို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ဇန်နဝါရီ ၁၉ ရက်မှာ ဟောကိန်း ထုတ်ပါတယ်။

ဒါပေမယ့် အသေးစား ကျူးကျော်စစ်ဆိုရင်တော့ ပေးဆပ်ရမှု နည်းနိုင်တယ်လို့လည်း ဘိုင်ဒန်က ပြောပါတယ်။

ရုရှားအရာရှိတွေကတော့ ယူကရိန်းကို ကျူးကျော်ဖို့ ပြင်ဆင်နေတာ မဟုတ်ဘူးလို့ ထပ်ခါတလဲ ငြင်းနေပါတယ်။ 

//
More News
Up