မြန်မာဘောလုံးအသင်း နည်းပြသစ် ခန့်အပ်တော့မည်

မြန်မာ နေရှင်နယ်လိဂ် ပွဲစဉ် လာရောက်ကြည့်ရှုနေသည့် အဗရာမိုဗစ်နှင့် နည်းပြ အဖွဲ့(ဓာတ်ပုံ - MFF)

၇ ကြိမ်မြောက် ဆီးဂိမ်းဘောလုံးပြိုင်ပွဲကာလမှာ ထုတ်ပယ်ခံရတဲ့ ကိုရီးယားနည်းပြချုပ် ပက်ဆောင်ဟွာနေရာမှာ စင်ကာပူအသင်းနည်းပြဟောင်း အီဗရာမိုဗစ်ကို မြန်မာဘောလုံး အဖွဲ့ချုပ်က အစားထိုးခန့်အပ်တော့မှာ ဖြစ်ပါတယ်။

ဆီးဂိမ်းမှာ မြန်မာဘောလုံးအသင်း ရှုံးနိမ့်ခဲ့ပြီးနောက် လစ်လပ်ခဲ့တဲ့ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းရဲ့ နည်းပြနေရာမှာ  ဆာဘီးယားနိုင်ငံသားလည်းဖြစ် စင်ကာပူအသင်း နည်းပြဟောင်းလည်း ဖြစ်တဲ့ အီဗရာမိုဗစ်ကို  အစားထိုး ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။

[caption id="attachment_51238" align="alignleft" width="300"]မြန်မာ နေရှင်နယ်လိဂ် ပွဲစဉ် လာရောက်ကြည့်ရှုနေသည့် အဗရာမိုဗစ်နှင့် နည်းပြ အဖွဲ့(ဓာတ်ပုံ - MFF) မြန်မာ နေရှင်နယ်လိဂ် ပွဲစဉ် လာရောက်ကြည့်ရှုနေသည့် အဗရာမိုဗစ်နှင့် နည်းပြ အဖွဲ့(ဓာတ်ပုံ - MFF)[/caption]

သူဟာ စင်ကာပူ လက်ရွေးစင်အသင်းကို ၁၀ နှစ်ကြာ တာဝန်ယူခဲ့ဖူးသလို အာဆီယံ ချန်ပီယံရှစ်မှာလည်း  ၃ ကြိမ် ဗိုလ်စွဲအောင် စွမ်းဆောင်နိုင်ခဲ့လို့ အာဆီယံ ဘောလုံးလောကနဲ့ ရင်းနှီးကျွမ်းဝင်တယ်လို့ မြန်မာဘောလုံး အဖွဲ့ချုပ် တာဝန်ရှိသူတွေက ပြောပါတယ်။

နည်းပြချုပ်သစ်ဖြစ်လာမယ့် အီဗရာမိုဗစ်ဟာ သူ့ရဲ့ လက်ထောက်နည်းပြနဲ့ ဂိုးနည်းပြ တို့ကိုလည်း တပါတည်း ခေါ်ဆောင် လာမှာ ဖြစ်လို့ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ကလည်း သူတို့ကို နည်းပြ အဖွဲ့ဝင်များအဖြစ် စာချုပ် ချုပ်ဆိုသွားရမှာ ဖြစ်ပါတယ်။

သူ့ကို မြန်မာ့လက်ရွေးစင်အသင်းကြီးနဲ့ ယူ-၂၂ အမျိုးသား လက်ရွေးစင်အသင်း နည်းပြချုပ်အဖြစ် ဖေဖော်ဝါရီ ၅ ရက်နေ့ နေ့လယ် ၁ နာရီ ဆီဒိုးနားဟိုတယ်က မင်းတုန်းခန်းမမှာ အခမ်းအနားနဲ့ ကန်ထရိုက်စာချုပ် ချုပ်ဆိုမယ်လို့ ဘောလုံးအဖွဲ့ချုပ် ပြောခွင့်ရသူ ဦးစိုးမိုးက ပြောပါတယ်။

နည်းပြတာဝန် ထမ်းဆောင်ဖို့ လျှောက်ထားသူ ၁၅ ဦးနီးပါးထဲက ရွေးချယ်ခဲ့တယ်လို့ ဆိုပါတယ်။

လျှောက်ထားသူအားလုံးရဲ့  နည်းပြနိုင်စွမ်း၊ လစာကြီးမြင့်မှု၊ အထောက်အပံ့ တောင်းဆိုမှုတွေ နဲ့ စည်းကမ်းပိုင်းဆိုင်ရာတွေကို ထည့်သွင်းတွက်ချက်ပြီး အခု နည်းပြသစ်အဖြစ် မစ္စတာ အီဗရာမိုဗစ်ကို ရွေးချယ်လိုက်ကြတယ်လို့ ဆိုပါတယ်။

အသက် ၆၄ နှစ်ရှိပြီဖြစ်တဲ့ ဆာဘီးယားနိုင်ငံသား အဗရာမိုဗစ်ဟာ ယူဂိုဆလားဗီးယား လက်ရွေးစင်ဟောင်းဖြစ်ပြီး အင်္ဂလန် ကလပ်အသင်းတွေမှာ ဂိုးသမားအဖြစ် ကစားခဲ့ဖူးပါတယ်။

 စင်ကာပူအသင်းကို သူ နည်းပြခဲ့စဉ်က နိုင်ငံသားဖြစ် မွေးစားထားတဲ့ နိုင်ငံခြားသား ကစားသမားကောင်းတွေ ပါဝင်ခဲ့လို့ အီဗရာမိုဗစ်ရဲ့ အရည်အချင်းပေါ်မှာ ဘောလုံးကျွမ်းကျင်သူ တွေက မေးခွန်းထုတ်မှုတွေလည်း ရှိပါတယ်။

မြန်မာအသင်းအတွက် နည်းပြတာဝန် မထမ်းဆောင်ရသေးခင်မှာ ဝေဖန်မှုတွေ ရှိနေ ပေမယ့် AFC challenge Cup နဲ့ Suzuki Cup ပြိုင်ပွဲတွေက ရလဒ်တွေ စောင်ကြည့်ပြီးမှ ဝေဖန်စေလိုကြောင်း ဦးစိုးမိုးက ပြောဆိုပါတယ်။ အပြည့်အစုံ နားဆင်ရန်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up