လိဂ်အဆင့်အတန်းကွာဟမှုကြောင့် ဆန်ချို ခြေစွမ်းမပြနိုင်သေးဟု နည်းပြ ရင်းနစ်ခ် သုံးသပ်

မန်ယူတိုက်စစ်ကစားသမား ဂျေဒန်ဆန်ချိုဟာ ဒေါ့မွန်ကလို ခြေစွမ်းပြသနိုင်ခြင်း မရှိသေးတာက လိဂ်အဆင့်အတန်း ကွာဟချက်ကြောင့်ဖြစ်တယ်လို့ နည်းပြ ရင်းနစ်ခ်က ပြောပါတယ်။

ဆန်ချိုဟာ မန်ယူနဲ့ စုစုပေါင်း ၂၃ ပွဲကစားပြီးချိန်မှာ သွင်းဂိုး ၂ ဂိုးသာရရှိခဲ့ပြီး ဂိုးဖန်တီးမှုတစ်ကြိမ် မှ ပြုလုပ်နိုင်ခြင်း မရှိသေးတာဖြစ်ပါတယ်။

“ပရီးမီးယားလိဂ်လို အကောင်းဆုံးလိဂ်နဲ့ ဂျာမန်လိဂ်နဲ့က ကွာခြားမှုတွေရှိပါတယ်။ ဒီမှာ လုပ်ဆောင်ရမယ့်အရာတွေ အများကြီးလိုအပ်တယ်။ သူ့အနေနဲ့ ဒေါ့မွန်မှာ တိုးတက်ရုံပဲ လုပ်နိုင်တယ်။ အဲဒီအပေါ် ဆက်လက်တိုးတက်လာပြီး အောင်မြင်မှုရရှိအောင် လုပ်ပြနိုင်ဖို့ လိုပါသေးတယ်” လို့ နည်းပြ ရင်းနစ်ခ်က ပြောပါတယ်။ 

ဒါ့အပြင် ပြောင်းရွှေ့ကြေးမြင့်မားတာကလည်း မန်ယူအသင်းမှာ ခြေစွမ်းပြဖို့ ပိုပြီးမျှော်လင့်ခံရတယ်လို့ ဆိုပါတယ်။ 

ရေရှည်မှာတော့ ဆန်ချိုကို  အကောင်းဆုံးကစားသမားဖြစ်လာဖို့ လေ့ကျင့်ပေးနိုင်ပြီး ခြေစွမ်းပြသနိုင်ဖို့ ဆက်လက်ကူညီပေးသွားမယ်လို့ ရက်ဖ်ရင်းနစ်ခ်က ပြောပါတယ်။

//
More News
Up