Home
မြန်မာသတင်း
မော်လမြိုင်မှ ရေးမြို့နယ်ဘက် စစ်ကားအစီး ၅၀ ခန့်ဖြင့် စစ်ကြောင်းထိုးသဖြင့် ဒေသခံများစိုးရိမ်
DVB
·
January 19, 2022

မွန်ပြည်နယ် မော်လမြိုင်ဘက်ကနေ ရေးမြိုနယ်ဘက်ကို ဇန်နဝါရီ ၁၇ နဲ့ ၁၈ ရက်ညပိုင်းတွေမှာ စစ်ကောင်စီတပ်ကားတွေ ညဘက်မှာ ရေးမြို့ဘက်ကို စစ်ကြောင်းထိုးလာနေတဲ့အပေါ် ဒေသခံတွေက စိုးရိမ်နေကြရပါတယ်။

“စစ်ကောင်စီတပ်ကားအစီး ၅၀ လောက်က ညဘက်မှာ စစ်ကြောင်းထိုးလာတယ်၊ PDF တွေ လှုပ်ရှားသွားလာနေတဲ့ နယ်မြေဖြစ်တဲ့ ရွာတွေဘက်ကို စစ်ဆင်ရေးတွေ စစ်ကောင်စီဘက်က လုပ်လာနိုင်ခြေရှိတာကြောင့် အများဆုံးက  ကရင်ရွာတွေဘက်က ဒေသခံတွေက ပိုပြီး စိုးရိမ်နေကြရပါတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားအစည်းအရေး (KNU) ထိန်းချုပ်နယ်မြေ ရေးမြို့နယ်မှာ လက်ရှိတိုက်ပွဲတွေ မဖြစ်သေးပေမဲ့ စစ်ကောင်စီစစ်ကြောင်းတွေ ကရင်ရွာတွေထဲ ဝင်လာတဲ့အခါ ဒေသခံတွေကို လမ်းပြအဖြစ် ဖမ်းခေါ်လေ့ရှိတာကြောင့် ရွာသားတွေ တိမ်းရှောင်ပြေးနေရတယ်လို့ ဆိုပါတယ်။ 

ရေးမြို့နယ် ကျေးရွာအတော်များများက ဒေသခံအများစုဟာ ခြံအလုပ်ကိုသာ လုပ်ကိုင်ကြတာကြောင့် တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်နေကြတယ်လို့ ဒေသခံခြံသမား တဦးက ပြောပါတယ်။

အခုလို စစ်ကောင်စီတပ်ဘက်က  KNU နဲ့ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေဘက်ကို မကြာခဏ တပ်သားတွေကို စေလွှတ်လေ့ရှိပြီး လက်ရှိအခြေအနေအထိတော့ စစ်ကောင်စီတပ်နဲ့ ရေး PDF လက်နက်ကိုင်တွေအပါဝင် မွန်ကရင်တိုင်းရင်းသားလက်နက်ကိုင်တွေ ထိတွေ့မှုတွေ မဖြစ်သေးပါဘူး။

ရေး-မော်လမြိုင်ကားလမ်းမှာတော့ စစ်ကောင်စီယဉ်တန်းတွေ PDF တပ်ဖွဲ့တွေရဲ့ ၄ ကြိမ်လောက် တိုက်ခိုက်ခံခဲ့ရတာကြောင့် အနည်းဆုံး စစ်သားနဲ့ရဲ ၃၀ လောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024