အငြင်းပွားဖွယ်ရွေးကောက်ပွဲကြောင့် ထိုင်းနိုင်ငံရေး ပြေလည်မည်မဟုတ်

ထိုင်းနိုင်ငံရဲ့ အငြင်းပွားဖွယ် အထွေထွေရွေးကောက်ပွဲကြောင့် ပြဿနာတွေ ပြေလည် သွားမှာ မဟုတ်ဘူးလို့ ထိုင်းနိုင်ငံရေး အကဲခတ်တွေက ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့ ရွေးကောက်ပွဲကို အဓိကအတိုက်အခံဖြစ်တဲ့ ဒီမိုကရက်ပါတီက သပိတ်မှောက်ပြီး အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေက မဲရုံတွေကို နှောင့်ယှက်ခဲ့ကြပါတယ်။ thai169-408x264အထွေထွေရွေးကောက်ပွဲအတွင်း မဲပေးခွင့်ရှိသူ ၄၈ သန်းကျော်ထဲက ၁၂ သန်းလောက် မဲမပေးခဲ့ရဘူးလို့ ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။ လွတ်လပ်တဲ့ ထိုင်းနိုင်ငံရေးလေ့လာသူ ခရိုင်ဆပ်ခ် ချာရီယွန်ဝေါင်ဆပ်ခ်ကတော့ အိမ်စောင့်အစိုးရနဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေဟာ တိုက်ခိုက်မှုတွေကို ရပ်ပြီး ငြိမ်းချမ်းတဲ့ ဆွေးနွေးပွဲတွေ လုပ်သင့်ပြီလို့ တိုက်တွန်းလိုက်ပါတယ်။ တကယ်လို့ တင်းမာမှုတွေ ဆက်တိုးလာမယ်ဆိုရင် စစ်တပ်က ၀င်ရောက်စွက်ဖက်ကောင်း စွက်ဖက်လိမ့်မယ်လို့လည်း သတိပေးလိုက်ပါတယ်။ ထိုင်းနိုင်ငံရဲ့အကြီးဆုံး အတိုက်အခံ ဒီမိုကရက်ပါတီကတော့ ရွေးကောက်ပွဲကို တရားမ၀င်ကြောင်း ပြောပြီး ပယ်ဖျက်ဖို့ ရွေးကောက်ပွဲကော်မရှင်ကို ဖေဖော်ဝါရီ ၃ ရက်နေ့က စာတင် ထားပါတယ်။ အဲဒီနေ့မှာပဲ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသမားတွေက မြို့တော်ဘန်ကောက်ရဲ့ လမ်းတွေပေါ်မှာ ချီတက်ရင်း ၀န်ကြီးချုပ် ယင်းလပ်ရဲ့အစိုးရကို ဖြုတ်ချရေး ကြွေးကြော် ဆန္ဒပြခဲ့ကြပါတယ်။

//
More News
Up