ထိုင်းတွင် ၅ နှစ်မှ ၁၁ နှစ်ကြား ကလေးများကို ဖေဖော်ဝါရီလလယ်တွင် ကိုဗစ်ကာကွယ် ဆေးထိုး နှံပေးမည်

ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မှာ အသက် ၅ နှစ်ကနေ ၁၁ နှစ်ကြား ကလေးတွေကို လာမယ့် ဖေဖော်ဝါရီလလယ်ကစတင်ကာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုတွေ စတင်သွားမယ်လို့ နေးရှင်းသတင်းမှာ ဖော်ပြပါတယ်။

ဘန်ကောက်မြို့တော်ဝန် အက်စ်ဝင်ကွမ်မောင်းက “ခရိုင်တခုစီမှာ ကာကွယ်ဆေးအလုံအ လောက်ရရှိစေဖို့ ကာကွယ်ဆေးထိုးနှံမယ့် ကလေးတွေစာရင်းကို ကျနော်တို့ စုဆောင်းနေပါတယ်။ ကာကွယ်ဆေးထိုးနှံမှုကိုတော့ နေရာအလိုက် ဆေးထိုးနှံမယ့် ကလေးအရေအ တွက်ပေါ်မူတည်ပြီးတော့ သတ်မှတ်ထားတဲ့ ကျောင်းတွေ၊ ဒါမှမဟုတ် ဆေးရုံတွေမှာ ထိုးနှံ ပေးသွားမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးအဖွဲ့(ဘီအမ်အေ)ကတော့ စာသင်ကျောင်းတွေနဲ့ မိဘတွေဆီ ကလေးတွေအနေနဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာမှာ ပြင်ဆင်သင့်တာတွေ၊ ဆေးထိုးပြီးနောက်မှာ ဆောင်ရန်ရှောင်ရန် အဆင့်တွေပါဝင်တဲ့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေပြီးဖြစ်တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက်အထိ ဘန်ကောက်မြို့က အသက် ၁၂ နှစ် ကနေ ၁၇ နှစ်ကြား ကလေးငယ် ၅ သိန်းနီးပါးရဲ့ ၈၅ ဒသမ ၅၇ ရာခိုင်နှုန်းဟာ ကိုဗစ်-၁၉ ကာကွယ်ဆေး ၁ ကြိမ်ထိုးနှံပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးအဖွဲ့(ဘီအမ်အေ)အနေနဲ့ ကာကွယ်ဆေးထိုးနှံရမယ့် နေရာတွေဆီ မလာနိုင်သူတွေအတွက်လည်း ရွေ့လျားဆေးထိုးခန်းတွေ စီစဉ်ပေးထားပြီး လူပေါင်း ၁၀,၀၀၀ ကျော် မှတ်ပုံတင်ထားတယ်လို့ သိရပါတယ်။

ထိုင်းပြည်သူတွေအနေနဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနိုင်ဖို့ QueQ အက်ပ်လီကေးရှင်း ကတဆင့် မှတ်ပုံတင်နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

//
More News
Up