Home
သတင်းတို
ရေကြောင်းရဲတပ်ဖွဲ့ ဖွဲ့ပြီး မှောင်ခို ဖမ်းမည်
DVB
·
February 4, 2014
ပင်လယ်ရေကြောင်း မှောင်ခိုကုန်သွယ်မှုတွေကို ဖမ်းဆီး အရေးယူဖို့ ကြေညာထားပေမယ့် ရေကြောင်းရဲတပ်ဖွဲ့ ဖွဲ့စည်းတာ မပြီးသေးလို့ စောင့်ဆိုင်းနေတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဒေါက်တာပွင့်ဆန်းက ပြောပါတယ်။ [caption id="attachment_51211" align="alignright" width="300"]ဒေါက်တာပွင့်ဆန်းနှင့်ဦးသန်းမြင့် ဒေါက်တာပွင့်ဆန်းနှင့်ဦးသန်းမြင့်[/caption]ဖေဖော်ဝါရီ ၃ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ၀မ်းတွင်း မြို့နယ် အမတ် ဦးသန်းမြင့်က မေးမြန်းတာကို သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ နယ်စပ်ကုန်သွယ်ရေးဟာ ကုန်သွယ်မှုတခုလုံးရဲ့ ၂၀ ရာခိုင်နှုန်း ၀န်းကျင်ရှိပြီး အခုနှစ်အတွင်း မှောင်ခို ဖမ်းဆီးရမိမှု ပမာဏ ကျပ်ငွေ ၁၀ ဘီလီယံခွဲကျော်ဖိုး ဖမ်းဆီးရမိခဲ့ပါတယ်။ ကုန်သွယ်မှု ပမာဏ ၈၀ ရာခိုင်နှုန်းရှိတဲ့ ပင်လယ်ရေကြောင်း ကုန်သွယ်မှုနဲ့ ပတ်သက်လို့ကတော့ မှောင်ခို တင်သွင်းမှုတွေကို ခုချိန်အထိ ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိသေး ဘူးလို့ ဒေါက်တာပွင့်ဆန်းက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024