ပီရူးကမ်းရိုးတန်းတွင် ရေနံတင်သင်္ဘော ရေနံယိုဖိတ်မှုဖြစ်ပွား

ရေနံယိုဖိတ်တာကြောင့် ကမ်းရိုးတန်းမှာ မိုင်ချီပြီး ရေနံတွေ ဖုံးကုန်တဲ့အတွက် ပီရူးနိုင်ငံရဲ့ ရွှေရောင်သဲတွေ ဇန်နဝါရီ ၁၆ ရက်က အနက်ရောင် ပြောင်းကုန်တာ မြင်တွေ့ရပါတယ်။

လာပမ်ဖီလာ ရေနံချက်စက်ရုံကို ရေနံလာသွင်းတဲ့ သင်္ဘောတစီးကနေ ရေနံယိုဖိတ်ခဲ့လို့ ပီရူးနိုင်ငံ အလယ်ပိုင်း ဗန်တာနီလာမြို့နားမှာ ကမ်းရိုးတန်းအရှည် ၁ ဒသမ ၃ မိုင်အထိ ရေနံပြင် ဖြစ်သွားခဲ့တယ်လို့ သဘာဝပတ်ဝန်းကျင်ဝန်ကြီး ရူဘန်ရာမီရဲ့ဇ်က ပြောပါတယ်။

ဒါဟာ အနားက တွန်ဂိုနိုင်ငံက ရေအောက်မီးတောင် ပေါက်ကွဲမှုကြောင့်လို့ တချို့က အပြစ်တင်ပါတယ်။ ဒါပေမဲ့ ပီရူးသဘာဝပတ်ဝန်းကျင်ဆိုင်ရာအေဂျင်စီက ဒီကိစ္စမှာ တာဝန်ရှိသူကို စုံစမ်းစစ်ဆေးနေပြီလို့ ပြောပါတယ်။

တွန်ဂါနိုင်ငံနားက ရေအောက်မီးတောင် ပေါက်ကွဲလို့ ဖြစ်လာတဲ့ လှိုင်းတွေဟာ ပီရူးနိုင်ငံထိ ရောက်လာခဲ့တာပါ။

ဟွန်ဂါတွန်ဂါ ဟွန်ဂါဟာပိုင် မီးတောင်ဟာ ဇန်နဝါရီ ၁၅ ရက်က ပေါက်ကွဲခဲ့လို့ တွန်ဂါကမ်းရိုးတန်းမှာ ဆူနာမီရေလှိုင်းသတိပေးချက်ထုတ်ပြန်ခဲ့ရပြီး ပစိဖိတ်သမုဒ္ဒရာမှာ လှိုင်းကြီးခဲ့ပါတယ်။

//
More News
Up