ဂြိုဟ်တုသစ်တလုံး တရုတ် လွှတ်တင်

တရုတ်နိုင်ငံမြောက်ဘက် ရှန်ရှီပြည်နယ်ရှိ ‘တိုက်ယွမ်’ ဂြိုဟ်တုလွှတ်တင်ရေးစင်တာက ဂြိုဟ်တုအသစ်တလုံးကို မနေ့က လွှတ်တင်ခဲ့ပါတယ်။ 

‘ရှီယန်-၁၃’ (Shiyan-13) လို့ အမည်ပေးထားတဲ့ ဂြိုဟ်တုကို Long March-2D rocket နဲ့ ကမ္ဘာပတ်လမ်းထဲ  အောင်မြင်စွာ ပစ်လွှတ်နိုင်ခဲ့တယ်လို့ တရုတ်သတင်းဌာနတွေက ထုတ်ပြန်ပါတယ်။ 

အခုဂြိုဟ်တုလွှတ်တင်မှုဟာ Long March ဒုံးကျည်တွေ အကူအညီနနဲ့ ၄၀၆ ကြိမ်မြောက် ပစ်လွှတ်ခဲ့မှုလို့ ပြောပါတယ်။  

//
More News
Up