စပိန်နိုင်ငံတွင် သန့်စင်ခြင်းအခမ်းအနား ပြန်လည်ကျင်းပ

စပိန်နိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ကူးစက်ချိန်ကစပြီး ခုထိ ပထမဆုံးအကြိမ်အဖြစ် လပ်စ်လူမီနားရီးယပ်စ် ပွဲတော်ကို ကျင်းပနေတာပါ။

ဇန်နဝါရီ ၁၆ ရက်က သန့်စင်ခြင်း အခမ်းအနားမှာတော့ မြင်းအကောင် တရာလောက်က မီးပုံတွေကို ခုန်ကျော် ဖြတ်သန်းခဲ့ကြပါတယ်။

အစဉ်အလာအရ ညဘက်ပွဲတော်ကို စန်ဘာတိုလိုမေ ဒေ ပီနာရက်စ်မြို့မှာ ဇန်နဝါရီ ၁၆ ရက်နေ့တိုင်းမှာ ကျင်းပပါတယ်။

ဒါဟာ စပိန်ရဲ့ တိရစ္ဆာန်တွေအတွက် သုတော်စင် စိန့်အန်ထော်နီနေ့ မတိုင်ခင် အကြိုနေ့လည်း ဖြစ်ပါတယ်။ မနှစ်ကတော့ ကပ်ဘေးကန့်သတ်ချက်တွေကြောင့် ပွဲတော်ကို ဖျက်ခဲ့ရတာပါ။ 

ပွဲပါဝင် ဆင်နွှဲသူတွေဟာ လမ်းကျဉ်းတွေထဲမှာ မြင်းတွေစီးရင်း လာမယ့်နှစ်အတွက် မီးပုံတွေက မီးတောက်တွေ မီးခိုးတွေနဲ့ တိရစ္ဆာန်တွေ သန့်စင်အောင် လုပ်တယ်လို့ အယူရှိကြပါတယ်။ 

မီးတောက်တွေပေါ်ကနေ မြင်းတွေ ၁ နာရီလောက် ခုန်ကျော်ပြီးတဲ့အခါ ကခုန်သောက်စားကြပါတယ်။

ဒီဓလေ့ဟာ နှစ်ထောင်ချီနေပြီ၊ တိရစ္ဆာန်တွေလည်း နာမကျန်းမဖြစ်ဘူး၊ နတ်ဆရာ သက်တော်ရှည်တွေက တိရစ္ဆာန်တွေကို မီးနဲ့သန့်စင် ကောင်းချီးပေးထားတယ်လို့ ဒေသခံ တယောက်က ပြောပါတယ်။

တိရစ္ဆာန်အခွင့်အရေးအုပ်စုတွေက ဝေဖန်နေပေမယ့် ပွဲစီစဉ်သူတွေကတော့ မြင်းတွေကို မီးမလောင်အောင် အမွှေးညှပ်ပေးပြီး ကြိုတင်ပြင်ဆင်ချက်တွေကြောင့် ပွဲတော်အတွင်းမှာ မြင်းတွေ အထိအခိုက် မရှိဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

//
More News
Up