အမြဲတမ်းနည်းပြရာထူးကို ရာသီမကုန်ခင် ကြိုတင်ခန့်အပ်ရန် မန်ယူအသင်း စီစဉ်

မန်ယူနိုက်တက်အသင်းဟာ အမြဲတမ်းနည်းပြရာထူးကို ရာသီမကုန်ခင်မှာပဲ ခန့်အပ်ဖို့ စီစဉ်ထား တယ်လို့ သိရပါတယ်။

မူလက လက်ရှိယာယီနည်းပြ ရက်ဖ်ရင်းနစ်ခ်အလွန် ရာသီကုန်ဆုံးချိန်ရောက်မှ အမြဲတမ်းနည်းပြသစ် ခန့်အပ်ဖို့ စီစဉ်ထားခဲ့တာပါ။ 

မန်ချက်စတာ ညနေခင်းသတင်းစာရဲ့ ဖော်ပြချက်အရ ယူနိုက်တက်ဟာ အမြဲတမ်းနည်းပြကို နွေရာသီအပြောင်းအရွှေ့မရောက်ခင်ကတည်းက ကြိုတင်ခန့်အပ်မှာဖြစ်ပြီး လက်ရှိအချိန်မှာ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ 

သတင်းတွေအရတော့ ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုနဲ့ ဟော်လန်ကလပ် အေဂျက်ဇ် နည်းပြ အဲရစ်တင်ဟတ်ချ်တို့က မန်ယူနည်းပြဖြစ်လာဖို့ ရေပန်းစားနေပါတယ်။ 

ဒါ့အပြင် လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာဟာလည်း လျာထားစာရင်းမှာ ပါဝင်တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ 

ယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ ယာယီနည်းပြအနေနဲ့ ခန့်အပ်ထားတဲ့ ရင်းနစ်ခ်ကတော့ ရာသီကုန်ချိန်မှာ အကြံပေးအဖြစ်ပြောင်းလဲတာဝန်ယူမယ်လို့ သိရပါတယ်။

//
More News
Up