ရန်ကုန်တိုင်းထဲက မြို့နယ် ၁၇ မြို့နယ်မှာ အချိန် ၂၄ နာရီကြာ ရေအားလျော့နည်း ပြတ် တောက်နိုင်တာမို့ ရေကြိုတင်စုဆောင်းထားကြဖို့ စစ်ကောင်စီလက်အောက်ခံ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက အသိပေးကြေညာထားပါတယ်။
ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု) လက်အောက်က ရန်ကုန်အနောက်ပိုင်းခရိုင်နဲ့ မြို့တွင်းမြို့နယ်တွေကို ရေပေးဝေနေတဲ့ ကုက္ကိုင်းရေလှောင်ကန်ကို ရေပြည့်ဝစွာရောက်ရှိစေဖို့အတွက် ရေကူးရေတွန်းစက်ရုံဝင်းအတွင်းက ဂျိုးဖြူပိုက်ယိုစိမ့်မှုကို ပိုက်အသစ်အစားထိုးလဲလှယ် ပြုပြင်စရာတွေ ရှိနေတယ်လို့ ဆိုပါတယ်။
ဒီပြုပြင်မှုဟာ ဇန်နဝါရီ ၁၈ ရက် မွန်းတည့် ၁၂ နာရီကနေ နောက်တရက် မွန်းတည့် ၁၂ နာ ရီအထိ ခန့်မှန်းခြေ ၂၄ နာရီလောက်ကြာနိုင်တယ်လို့ ခန့်မှန်းပါတယ်။
ဒါပြောင့် ရေကူးရေတွန်းစက်ရုံနဲ့ ကုက္ကိုင်းရေ လှောင်ကန်တို့ကနေ ရေပေးဝေနေတဲ့ တောင်ဥက္ကလာ၊ ရန်ကင်း၊ မရမ်းကုန်း၊ ဗဟန်း၊ ကမာရွတ်၊ စမ်းချောင်း၊ အလုံ၊ ကြည့်မြင်တိုင်၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ဒဂုံ၊ လသာ၊ လမ်းမတော်၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ ဗိုလ်တထောင်နဲ့ ပုဇွန်တောင်မြို့နယ်တွေမှာ ရေအားလျော့နည်းတာ၊ ခေတ္တရေအားပြတ်တောက်နိုင်တယ်လို့ အသိပေးထားတာ ဖြစ်ပါတယ်။
ရန်ကုန်မှာ မြို့ခံလူထုတွေဟာ စစ်အာဏာရှင်လက်ထက် လျှပ်စစ်မီး ဒုက္ခခံစားနေကြရသလို ရေမလာတဲ့ ဒုက္ခ အခက်အခဲနဲ့ပါ ကြုံတွေ့နေကြရတာပါ။