Home
မြန်မာသတင်း
ကေအန်ယူ မြိတ်-ထားဝယ်ခရိုင် ၁၉ ကြိမ်မြောက် ကွန်ဂရက် ကျင်းပ၊ ခေါင်းဆောင်သစ်များ ရွေးချယ်
DVB
·
January 17, 2022

ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ) မြိတ်-ထားဝယ်ခရိုင်ရဲ့ ၁၉ ကြိမ်မြောက် ကွန်ကရက်ကို ခရိုင်ဌာနချုပ်ဖြစ်တဲ့ အမလထာမှာ ဇန်နဝါရီ ၁၁ ရက်မှ  ၁၅ ရက်အထိ ကျင်းပပြီး ခေါင်းဆောင် အသစ်တွေ ရွေးချယ်ခဲ့တယ်လို့ ကေအန်ယူရဲ့ တရားဝင်လူမှုကွန်ရက်စာမျက်နှာမှာ ဇန်နဝါရီ ၁၇ ရက်က ထုတ်ပြန်ပါတယ်။

၁၉ ကြိမ်မြောက် ကွန်ဂရက်ကို ကေအန်ယူ မြိတ်-ထားဝယ်ခရိုင် လေးမြို့နယ်နဲ့ အထူးဒေသ ၂ ခု က ခေါင်းဆောင်နဲ့ ကိုယ်စားလှယ် စုစုပေါင်း ၉၃ ဦး တက်ရောက်ခဲ့ကြပါတယ်။ 

အဲဒီကွန်ဂရက်ကနေ နောက်သက်တမ်း ၄ နှစ်အတွက် ကေအန်ယူ မြိတ်-ထားဝယ်ခရိုင် ခေါင်းဆောင်တွေအဖြစ် ဥက္ကဋ္ဌနေရာကို ပဒိုစောဖလို့စိုးဝင်း၊ ဒုဥက္ကဋ္ဌနေရာအတွက် ဗိုလ်ချုပ်စောမူလာကို ရွေးချယ်ခဲ့ကြပြီး တခြားဌာနတွေအတွက်လည်း ခေါင်းဆောင်အသီးသီး ရွေးချယ်ခဲ့ကြပါတယ်။

ဒါ့အပြင် ကေအန်ယူအနေနဲ့ မြိတ်-ထားဝယ်ခရိုငအတွင်း ကျစ်လျစ်ခိုင်မာတောင့်တင်းစွာနဲ့ ရည်ရွယ်ချက်တွေကို အောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့လမ်းစဥ် လုပ်ငန်းစဥ်တွေကို ချမှတ်နိုင်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ကွန်ဂရက်ကို ၄ နှစ်တကြိမ် ပြုလုပ်ပြီး ၂၀၂၀  ပြည့်နှစ်ကတည်းက ပြုလုပ်ရမယ့် ၁၉ ကြိမ်မြောက်ကွန်ဂရက် ကိုတော့ ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် ရွှေ့ဆိုင်းထားရပြီး အခု ၂၀၂၂ ခုနှစ်မှာ ပြန်လည်ပြုလုပ်တာဖြစ်ပါတယ်။

ဓာတ်ပုံ - KNU

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024