ဆိုမာလီယာအစိုးရ ပြောရေးဆိုခွင့်ရှိသူ အသေခံဗုံးခွဲတိုက်ခိုက်ခံရ

1.6K
ဆိုမာလီယာနိုင်ငံ၊ မြို့တော်မိုဂါဒစ်ရှူးရဲ့ လမ်းဆုံတခုမှာ ဇန်နဝါရီ ၁၆ ရက်က အသေခံ ဗုံးဖောက်ခွဲမှု ဖြစ်ခဲ့ပြီး အစိုးရပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ် ‘မိုဟာမာဒ်အီဘရာဟင်မော်လီမူး’ ဒဏ်ရာ အပြင်းအထန် ရခဲ့ပါတယ်။
အစိုးရပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ရဲ့ကားဟာ လေထဲ မြောက်တက်သွားပြီး တကိုယ်လုံးနီးပါး ဒဏ်ရာရသွားသလို အသေခံ ဗုံးဖောက်ခွဲသူရဲ့ အသားစတွေက ပြန့်ကျဲနေတယ်လို့ မျက်မြင်တွေ ပြောပါတယ်။
အလ်ကေဒါနဲ့ ဆက်စပ်မှုရှိတဲ့ အစ္စလာမ်စစ်သွေးကြွအုပ်စု ‘အယ်လ်ရှာဘာ’က သူတို့ တိုက်ခိုက်ခဲ့တာလို့ ကြေညာပါတယ်။
အယ်လ်ရှာဘာအဖွဲ့ဟာ ဆိုမာလီယာအစိုးရနဲ့ ရဲတွေကို မကြာခဏ တိုက်ခိုက်ပြီး အပြစ်မဲ့ အရပ်သားတွေကို ရှောင်ရှားပါတယ်။
သူတို့က ကုလသမဂ္ဂနဲ့ အာဖရိကသမဂ္ဂတို့ နောက်ခံပြုပေးတဲ့ အစိုးရကို ဆန့်ကျင်ပြီး အစ္စလာမ္မစ်နိုင်ငံသစ် ထူထောင်လိုတာပါ။