Home
မြန်မာသတင်း
မြဝတီမြို့နယ် သင်္ဃန်းညီနောင်ရဲစခန်း လက်နက်ကြီးပစ်ခတ်ခံရ
DVB
·
January 16, 2022

ကရင်ပြည်နယ် မြဝတီမြို့ သင်္ဃန်းညီနောင်နယ်မြေရဲစခန်းကို ဇန်နဝါရီ  ၁၅ ရက် ည ၈ နာရီလောက်မှာ အမည်မသိ လက်နက်ကိုင်အဖွဲ့က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီက  သိရပါတယ်။

အာရှလမ်းမကြီးအနီးက သင်္ဃန်းညီနောင်နယ်မြေရဲစခန်းကို အမည်မိလက်နက်ကိုင်အဖွဲ့က RPG နဲ့ ၁ ချက် လာရောက်ပစ်ခတ်သလို ရဲစခန်းအတွင်းကနေ လက်နက်ငယ်နဲ့ ပြန်လည်ပစ်ခတ်သံတွေပါ ကြားရတယ်လို ဆိုပါတယ်။

သင်္ဃန်းညီနောင်ကျေးရွာသားတစ်ဦးက "ည ၈ နာရီလောက်က ပွဲခင်းဘက်ကို သွားနေရင်း လက်နက်ကြီး ပစ်သံ ၁ ချက်ကြားတယ်။ မကြာဘူး လက်နက်ငယ်သံတွေပါကြားရတယ်။ ပွဲခင်းထဲရောက်မှ ရဲစခန်းအပစ်ခံရတယ်ဆိုတာ သိတယ်။ ဒီလိုပစ်ခတ်သံတွေက မကြာခဏကြာနေရတော့ ရိုးနေပြီ။ ပွဲတောင်မပျက်ဘူး” လို့ ပြောပါတယ်။ 

အဆိုပါ ပစ်ခတ်မှုဖြစ်ပွားရာ ရဲစခန်းအနီးမှာ စစ်ကောင်စီတပ်၊ BGF နဲ့ ရဲတွေက ငွေကြေးကောက်ခံပြီး လောင်းကစားဝိုင်းတွေကို ပြုလုပ်ခွင့်ပေးထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

ကရင်ပြည်နယ်အတွင်း စစ်ကောင်စီက အရေးပေါ်ကာလ လုံခြုံရေးအကြောင်းပြချက်နဲ့ ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီး ည ၁၀ နာရီမှ မနက် ၄ နာရီထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားပေမယ့် ကရင်ပြည်နယ်နေ့ အပါအဝင် ပွဲတော်တွေကို လူစည်းကားစွာကျင်းပနိုင်ဖို့ လောင်ကစားဝိုင်းတွေကို ငွေကြေးရယူပြီး ခွင့်ပြုထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024