အာဖဂန် ရွေးကောက်ပွဲ မဲဆွယ်မှု စတင်၊ လုံခြုံရေး စိုးရိမ်နေ

ဓာတ်ပုံ - အေအက်ဖ်ပီ
824
ဧပြီ ၅ ရက်နေ့မှာ ကျင်းပမယ့် အာဖဂန်နစ္စတန်နိုင်ငံ ရွေးကောက်ပွဲအတွက် မဲဆွယ်မှုတွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့က စတင်လိုက်ပါတယ်။
[caption id="attachment_51170" align="alignleft" width="581"]
ဓာတ်ပုံ - အေအက်ဖ်ပီ[/caption]မဲဆွယ်ပွဲတွေ စတင်ပြီဖြစ်ပေမယ့် ဖေဖော်ဝါရီ ၁ ရက်နေ့က နိုင်ငံအနောက်ပိုင်း ဟီရတ်ပြည်နယ်မှာ ကိုယ်စားလှယ်လောင်းတဦးရဲ့ အကူ ၂ ဦး ပါတီရုံး အပြင်ဘက်မှာ အသတ်ခံခဲ့ ရတာကြောင့် မဲဆွယ်ပွဲတွေဟာ လုံခြုံမှုမှ ရှိပါ့မလားဆိုတာကို စိုးရိမ်နေကြပါတယ်။
လက်ရှိ သမ္မတ ဟာမစ် ကာဇိုင်းဟာ သက်တမ်း ၂ ဆက်ပြည့်ပြီမို့ ဒီနှစ်မှာ သမ္မတရာထူးက ဆင်းပေးရတော့မှာ ဖြစ်ပါတယ်။
နောက်လာမယ့် သမ္မတသက်တမ်းအတွက် ၀င်ရောက်ယှဉ်ပြိုင်သူ ၁၁ ဦး ရှိပြီး နိုင်ငံ ငြိမ်းချမ်းရေး၊ စီးပွားရေးနဲ့ လုံခြုံရေးကိစ္စတွေကို အဓိကဦးစားပေး မဲဆွယ်စည်းရုံးနေကြပါတယ်။
တချိန်တည်းမှာပဲ ကိုယ်စားလှယ်လောင်းတွေဟာ နိုင်ငံတွင်း အဂတိလိုက်စားမှု၊ ရွေးကောက်ပွဲ လုံခြုံမှုမရှိတာတွေအတွက်လည်း စိုးရိမ်နေကြပါတယ်။
အစိုးရကတော့ ရွေးကောက်ပွဲ လုံခြုံရေးအတွက် တိုးမြှင့်လုပ်ဆောင်တာ ရှိပေမယ့် တာလီဘန်တွေက ကိုယ်စားလှယ်လောင်းတွေတင်မက ရွေးကောက်ပွဲတခုလုံးကို တိုက်ခိုက် ဖျက်ဆီးဖို့ ခြိမ်းခြောက်ထားတာကြောင့် ပြည်သူတွေဟာ မဲပေးဖို့ စိုးရိမ်နေကြပါတယ်။
မဲပေးမယ့်သူတဦးက အသက်ဟာ မဲထက်တန်ဖိုးရှိတာကြောင့် လုံခြုံမှုမရှိရင် မဲသွားထည့်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။
