ကိုဗစ်ဗိုင်းရပ်စ်များအတွက် N-95 နှာခေါင်းစည်းများတပ်ရန် အမေရိကန်အကြံပြု

အမေရိကန်ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဗဟိုဌာန (CDC) က ကိုဗစ်-၁၉ ဗိုင်းရပ်စ်တွေကို ကာကွယ်ဖို့ နှာခေါင်းစည်းတွေထဲမှာ ကာကွယ်မှုအပေးနိုင်ဆုံး N-95 နှာခေါင်းစည်းတွေကိုသာ အမြဲသုံးကြဖို့ လမ်းညွှန်လိုက်ပါတယ်။ 

တဖက်မှာ N-95 အသက်ရှုကိရိယာတွေ တပ်ဆင်ခြင်းကိုလည်း ကန့်ကွက်မှု မပြုပါဘူး။

N-95 အသက်ရှူကိရိယာတွေက ဗိုင်းရပ်စ် ကြီးကြီးငယ်ငယ် ၉၅ ရာခိုင်နှုန်းကို ကာကွယ်ပေးနိုင်တာ မှန်ပေမဲ့၊ လတ်တလော တနိုင်ငံလုံး အလုံအလောက် ရရှိဖို့ ခက်ခဲပါတယ်။ 

ဒါကြောင့် အမြဲတမ်း လွယ်လွယ်ကူကူ ဝတ်ဆင်လို့ရနိုင်တဲ့ N-95 နှာခေါင်းစည်းတွေကိုသာ အဆက်မပြတ် သုံးစွဲကြဖို့ CDC ပိုပြီး တိုက်တွန်းပါတယ်။

နယူးဂျာဆီပြည်နယ်ရှိ Protective Health Gear (PHG) စက်ရုံဆိုရင် N-95 Mask တနေ့ကို အခု ၇၀,၀၀၀ ထုတ်လုပ်နေပြီး လာမယ့်လတွေမှာ တရက် ၁ သိန်း ၁ သောင်း ထုတ်လုပ်ဖို့ စီစဉ်နေပါတယ်။ 

N-95 Mask တွေကို အိုမီခရွန် ဗိုင်းရပ်စ်ကူးစက်နှုန်းကို အမှီလိုက်ထုတ်လုပ်နေပြီး ၂၀၂၂ နှစ်လယ်ပိုင်းမှာ တကမ္ဘာလုံး လက်လှမ်းမီနိုင်မယ်လို့ ကုမ္ပဏီစီအီးအို Brian Wolin က ပြောပါတယ်။

//
More News
Up