ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ တောင်ဘက် ၁ မိုင်လောက်အကွာမှာ KNLA ၊ PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ ဇန်နဝါရီ ၁၅ ရက်မှ ၁၆ ရက်နေ့ အထိ တိုက်ပွဲပြင်းထန် ဖြစ်ပွားနေပါတယ်။
စစ်ကောင်စီတပ်တွေက ကေအန်ယူနယ်မြေထဲ ကျူးကျော်ဝင်ရောက် ထိုးစစ်ဆင်လာလို့ တိုက်ပွဲတွေဖြစ်ပွားတာလို့ ကေအန်ယူနဲ့ နီးစပ်သူက ပြောပါတယ်။ တိုက်ပွဲမှာ နှစ်ဘက် တပ်တွေ ထိခိုက်ဒဏ်ရာရ သေဆုံးမှု အခြေအနေကိုတော့ မသိရသေးပါဘူး။
ဒီမနက်မှာလည်း ပစ်ခတ်သံတွေကြားနေရပြီး လက်နက်ကျည်တွေဟာ ကော့ကရိတ်မြို့တောင်ဘက်ရှိကျေးရွာတွေကို ကျရောက်ခဲ့လို့ ပြည်သူတွေရဲ့ နေအိမ်တချို့နဲ့ ဆိုင်ခန်းတွေ ထိခိုက် ပျက်စီးတာရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာလည်း တိုက်ပွဲပြင်းထန်ဖြစ်ပွားနေသလို ကေအန်ယူထိန်းချုပ် နယ်မြေ တပ်မဟာ ၁ မှ ၆ အထိ စစ်ကောင်စီတပ်တွေက နယ်ကျော်ဝင်ရောက်လာတာကြောင့် တိုက်ပွဲတွေ ဆက်ဖြစ်နေရပြီး ဒေသခံပြည်သူတွေ သောင်းနဲ့ချီ စစ်ဘေးရှောင်နေကြရပါတယ်။