ဖိလစ်ပိုင်ကို ဆန်တန်ချိန် ၅ သိန်း တင်ပို့မည်

မြန်မာနိုင်ငံက ထွက်တဲ့ ပုလဲသွယ်အမျိုးအစား ဆန်တန်ချိန် ၅ သိန်း ဖိလစ်ပိုင်နိုင်ငံကို တင်ပို့ဖို့ နှစ်နိုင်ငံ တာဝန်ရှိသူတွေ ဇန်န၀ါရီ ၃၁ ရက်နေ့က နေပြည်တော်မှာ အမ်အိုယူ လက်မှတ်ရေးထိုးခဲ့တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းရဲ့ တာဝန်ရှိသူ ဒေါက်တာ စိုးထွန်းက ဒီဗွီဘီကို ပြောပါတယ်။ Farmers scatter rice to clean it after collection from a field at Naypyitawဖိလစ်ပိုင်နိုင်ငံ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနက ကမ်းလှမ်းချက်အရ သဘောတူ လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပေမယ့် တကယ့်တကယ် ဘယ်ဈေးနဲ့ တင်ပို့မယ်၊ ဘယ်အချိန်ကျရင် ဆန်တန်ချိန် ဘယ်လောက် တင်ပို့နိုင်မယ် အတိအကျ မပြောနိုင်သေးဘူးလို့ သူက ပြောပြပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်တုန်းကလည်း အင်ဒိုနီးရှားနိုင်ငံက မြန်မာ့ဆန် တန်ချိန် ၅ သိန်း ၀ယ်ယူမယ်လို့ ကမ်းလှမ်းခဲ့ပြီး အမ်အိုယူ ထိုးခဲ့ပေမယ့် တကယ့်လက်တွေ့မှာ ဆန်တန်ချိန် ၂ သောင်းလောက်ပဲ တင်ပို့ခဲ့ဖူးတဲ့ သာဓကတွေ ရှိခဲ့တယ်လို့ သူက ရှင်းပြပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၃ ဒီဇင်ဘာလအတွင်း သမ္မတဦးသိန်းစိန် ဖိလစ်ပိုင်နိုင်ငံကို သွားရောက်ခဲ့စဉ် နှစ်နိုင်ငံ အစားအစာနဲ့ လုံခြုံစိတ်ချရမှုအစီအစဉ် သဘောတူခဲ့ပြီးနောက် ဒီ ဆန်တင်ပို့မှု သဘောတူညီချက် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

//
More News
Up