တိုကျိုတက္ကသိုလ်ဝင်ခွင့် ဖြေမည့်ကျောင်းသား ၃ ဦး ဓားထိုးခံရ

1.8K
ဂျပန်နိုင်ငံ တိုကျိုမြို့မှာ တက္ကသိုလ်ဝင်ခွင့်စာမေးဖွဲဖြေမယ့် ကျောင်းသားတွေကို ဓားနဲ့ဝင်ထိုးမှု ဇန်နဝါရီ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့တာကြောင့် ၃ ဦး ပြင်းထန်ဒဏ်ရာရသွားတယ်လို့ NHK သတင်းဌာနမှာ ဖော်ပြပါတယ်။
တိုက်ခိုက်ခဲ့တဲ့ ကျောင်းသားက အသက် ၁၇ နှစ် ရှိပြီး ဝင်ခွင့်စာမေးပွဲဖြေဖို့ စုဝေးနေကြစဉ်မှာ ထိုးခဲ့တာဖြစ်ပြီး ကျောင်းသား ၃ ဦး ပြင်းထန်ဓားဒဏ်ရာနဲ့ သတိလစ်မေ့မျောသွားတယ်လို့ ဆိုပါတယ္။
ဇန်နဝါရီ ၁၅ နဲ့ ၁၆ ရက်တွေမှာ ဂျပန်တနိုင်ငံလုံးရှိ အထက်တန်းကျောင်းသား သန်းတစ်ဝက်နီးပါး ဟာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုနေကြတာပါ။
ဓားထိုးမှုဖြစ်ရပ်ကို ရဲဌာနက တစုံတရာ သတင်းထုတ်ပြန်ခြင်း မရှိသေးပါ။