တီဂရေးဒေသ လေကြောင်းတိုက်ခိုက်မှု အရပ်သား ၁၀၈ ဦး သေဆုံး

အီသီယိုးပီယားနိုင်ငံ တီဂရေးဒေသမှာ ဇန်နဝါရီအစပိုင်းကတည်းက အစိုးရရဲ့လေကြောင်း တိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သား ၁၀၈ ယောက် သေဆုံးခဲ့ရတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး (OHCHR) က ထုတ်ပြန်ပါတယ်။

OHCHR အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မစ္စလစ်ဇ်သရိုဆဲလ်က “ဒီနှစ်စကတည်းက အီသီယိုပီးယား လေတပ်ရဲ့  တိုက်ခိုက်မှုကြောင့် အရပ်သား အနည်းဆုံး ၁၀၈ ဦး သေဆုံးပြီး ၇၅ ဦး အပြင်းအထန် ဒဏ်ရာရထားပါတယ်” လို့ ဂျာနီဗာမြို့အခြေစိုက် သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up