Home
မြန်မာသတင်း
မွန်ဝန်ကြီးချုပ် အဂတိအမှု ၇ မှု ကြားဖြတ် အမိန့်ချ
DVB
·
January 14, 2022

ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ခံထားရတဲ့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိအမှု ၇ မှုအတွက် ဇန်နဝါရီ ၁၄ ရက်မှာ ကြားဖြတ်အမိန့်ချခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

အဲဒီအဂတိအမှု ၇ မှုအတွက် ဖမ်းဆီးထိန်းသိမ်းထားတဲ့ ကျိုက်မရောဗဟိုအကျဉ်းထောင်ရှိ အထူးတရားရုံးမှာ ကြားဖြတ် အမိန့်ချမှတ်ခဲ့တာပါ။

ပြီးခဲ့တဲ့ ရုံးချိန်းမှာ စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိအမှုတွေ ပြန်လည် ခုခံဖို့ ဝန်ကြီးချုပ် ဒေါက်တာအေးဇံ တာဝန်ယူစဉ် ဆောင်ရွက်ခဲ့တဲ့ အစိုးရအဖွဲ့ရဲ့ စာရွက်စာတမ်းတွေကို တရားတော်သို့ တင်ပြပေးဖို့ ဝန်ကြီးချုပ်ရှေ့နေ့အဖွဲ့က လျှောက်လဲချက်ပေးထားတာပါ။

အခုရုံးချိန်းမှာ တရားသူကြီးက စာရွက်စာတမ်းတွေကို လက်ရှိ မွန်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီတာဝန်ရှိသူတွေ ရုံးတော်သို့ လာရောက် တင်ပြပေးဖို့နဲ့ လာရောက် တင်ပြတာ မရှိရင် ရဲတပ်ဖွဲ့က ရှာဖွေသိမ်းဆည်းပြီး တင်ပြပေးဖို့ ကြားဖြတ်အမိန့်ချမှတ်ခဲ့တာပါ။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ လက်ရှိမှာတော့ စစ်ကောင်စီက စွဲဆိုထားတဲ့ ရွေးကောက်ပွဲမှာ မလျော်သြဇာသုံးမှု အမှု ၃ မှု၊ အဂတိအမှု ၉ မှု ၊ စုစုပေါင်း အမှုပေါင်း ၁၂ မှုအတွက် တရားရင်ဆိုင်နေရတာပါ။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကိုတော့ စစ်ကောင်စီက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်နေ့မှာ နိုင်ငံ့ဝန်းထမ်းတွေ CDM မှာ ပါဝင်ပေးဖို့ တိုက်တွန်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ဖြင့် ၅၀၅(ခ)နဲ့ ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ထားတာပါ။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024