Free Burma Ranger အဖွဲရဲ့ သမိုင်းတစ်လျှောက်မှာ သင်တန်းသား အများဆုံးပါဝင်တဲ့ သင်တန်းဆင်းပွဲတစ်ခုကို ဇန်နဝါရီလ အစောပိုင်းက ကျင်းပနိုင်ခဲ့တယ်လို့ အဆိုပါ အဖွဲ့ရဲ့ လူမှုကွန်ရက်မှာ ထုတ်ပြန်ထားပါတယ်။
အဲဒီသင်တန်းဆင်းပွဲကို ဇန်နဝါရီလ ၃ ရက်နေ့က ပြုလုပ်နိုင်ခဲ့တာဖြစ်ပြီး သင်တန်းသား ၂၀၀ ဝန်းကျင် သင်တန်းပြီးမြောက်သွားပြီဖြစ်ကာ အဆိုပါသင်တန်းမှာ ခေါင်းဆောင်မှုသင်တန်းတွေနဲ့ သေနတ်ပစ်ခတ်တိုက်ခိုက်မှုစွမ်းရည်သင်တန်းတွေကို သင်ကြားပို့ချပေးခဲ့တယ်လို့ သိရပါတယ်။
အဲဒီသင်တန်းကိုတော့ ကချင်၊ ကရင်၊ ကရင်နီ၊ ထားဝယ်၊ ပအိုဝ်း၊ ဗမာ၊ ရှမ်း၊ ရခိုင် အစရှိတဲ့ တိုင်းရင်းသား လူမျိုး ၉ မျိုးက အမျိုးသမီး၊ အမျိုးသား တွေပါဝင်ခဲ့ကြပြီး ဒါဟာ FBR ရဲ့သင်တန်းသမိုင်းတစ်လျောက်မှာ မြန်မာပြည်အနှံက တိုင်းရင်းသားတွေ အများဆုံးပါဝင်တဲ့အဖွဲ့ကို ပထမဆုံးသင်ကြားပေးရတာလို့လည်း ဆိုပါတယ်။
သင်တန်းဆင်း Rangers တွေဟာ လက်ရှိ စစ်ကောင်စီတပ်တွေပိတ်ဆို့တိုက်ခိုက်နေတဲ့ မြန်မာပြည်ထဲက မတူညီတဲ့ နေရာ ၃ နေရာမှာရှိတဲ့ပြည်သူတွေကို ကူညီဖို့ မကြာခင် ရောက်ရှိလာလိမ့်မယ်လိုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။
Free Burma Rangers အဖွဲဟာ ကမ္ဘာ့နိုင်ငံအနှံ့က ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့နိုင်ငံတွေမှာ စစ်ရေးပဋိပက္ခအတွင်း လူသားချင်းစာနာမှုလုပ်ငန်းတွေကို ဆောင်ရွက်ပေးနေတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။
Photo- Free Burma Rangers