အင်ဒိုနီးရှား မီးတောင်ပေါက်ကွဲမှုကြောင့် ၁၄ ဦး သေဆုံး

အင်ဒိုနီးရှားနိုင်ငံက အနောက်စူမားတြားပြည်နယ်က စီနာဘန်မီးတောင်ဟာ ဖေဖော်ဝါရီ တရက်နေ့က ပေါက်ကွဲခဲ့လို့ အနည်းဆုံး လူ ၁၄ယောက်သေဆုံးပါတယ်။ ဒါဟာ ပထမဆုံးအကြိမ် လူအသေအပျောက်ရှိကြောင်း အခိုင်အမာ ပြောဆိုတာလို့ အကြီးတန်း အစိုးရ အရာရှိတယောက်က ပြောပါတယ်။ An ash cloud from a Mount Sinabung eruption is seen from Kuta Tengah village in Karo districtမီးတောင်ဟာ လတ်တလော လတွေအတွင်း လှုပ်ရှားမှုတွေ များလာခဲ့တာပါ။ လေထဲကို ကီလိုမီတာနဲ့ချီတဲ့ အမြင့်ရောက်အောင် ပြာတွေကို ပုံမှန်မှုတ်ထုတ်ခဲ့ပါတယ်။ အစိုးရကတော့ ထောင်သောင်းချီတဲ့ ဒေသခံတွေကို ပတ်ဝန်းကျင်နားကနေ နေရာရွှေ့ပြောင်းပေးခဲ့ပြီးပါပြီ။ မီးတောင်ထိပ်ဝကနေ ငါးကီလိုမီတာလောက် ဝေးတဲ့ ဆူကာ မေရီယာရွာက တိမ်ပူလမ်းကြောင်း ထဲမှာရှိတဲ့ လူတွေ သေခဲ့တာလို့ နေရာရွှေ့ပြောင်းရေးအဖွဲ့ခေါင်းဆောင် မင်းသား မီယာပူတွန်က ဒေသခံ ဆေးရုံအပြင်မှာ ပြောပါတယ်။ မှတ်တမ်းတင်ချက်အရ သေသူ ၁၄ ယောက်နဲ့ အပူလောင်ဒဏ်ရာရသူ ၃ ယောက် ရှိတယ်လို့လည်း ပြောပါတယ်။ ကမ္ဘာ့လူဦးရေ အသိပ်သည်းဆုံးနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာ့ကျောက်လွှာပြင်ကြီး ၂ ချပ်ဆုံရာမှာ ရှိလို့ မီးတောင်ရှင် အလုံး ၁၃၀ နီးပါး ရှိပါတယ်။

//
More News
Up