ချင်းပြည်နယ် မတူပီမြို့နယ်မှာ ဇန်နဝါရီလ ၁၃ ရက်နေ့မနက်ပိုင်းက စစ်ကောင်စီတပ်တွေနဲ့ မတူပီ CDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၁ ယောက်သေဆုံးပြီးတော့ ၃ ယောက်ဒဏ်ရာရရှိသွားတယ်လို့ မတူပီCDF ကနေ သိရပါတယ်။
မတူပီ-မင်းတပ်လမ်း လည်မျိုချောင်းဆုံ နားမှာ မနေ့က မနက် ၉ နာရီလောက်မှာ စစ်ကောင်စီတပ်တွေနဲ့ မတူပီCDF တို့ ထိပ်တိုက်တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သား တစ်ယောက်သေဆုံးပြီးတော့ ၃ ယောက်ဒဏ်ရာရရှိသွားတယ်လို့ မတူပီCDF ရဲ့ ပြန်ကြားရေးတာဝန်ခံက Dvb ကိုပြောပါတယ်။
စစ်ကောင်စီတပ်တွေဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပြီးတော့ ပြန်လည် ပစ်ခတ်ပေမယ့် လည်းကျွန်တော်တို့ မတူပီCDFက ရဲဘော်တွေ အထိခိုက်အကျဆုံး မရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
မတူပီCDF မှာ လက်နက်အင်အားအားနည်းပေမယ့် တတိနိုင်သလောက်စုဆောင်ပြီး ခုခံစစ်အတွက် အကောင်းဆုံး ပြင်ဆင်ပြီးတိုက်ခိုက်နေကြတာဖြစ်တယ်။ သူတို့နဲ့ ကျွန်တော်တို့ က လက်နက်အင်အား လုံးဝဆန့်ကျင်ဘက်ဖြစ်နေပြီးတော့ လက်နက်အင်အားသာ ကောင်းမွန်ခဲ့မယ်ဆိုရင် စစ်ကောင်စီတပ်တွေကို အချိန်တို့အတွင်းမှာ ဖြိုခွင်းနိုင်တယ်လို့ ပြောပါတယ်။
မတူပီ-ပလက်ဝလမ်း ထယ်ဘွေးတပ်စခန်းမှာ တပ်ဆွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း ဇန်နဝါရီလ ၁၂ ရက်နေ့ညနေ ၄ နာရီလောက်မှာ မတူပီCDF က စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၂ ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အဲဒီ တိုက်ပွဲနဲ့ ပတ်သက်လို့ ထိခိုက်သေဆုံးတဲ့ အခြေနေကို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။