ဧရာဝတီတိုင်းအတွင်းက မြို့နယ်တချို့မှာ လယ်ယာမြေတွေထဲ စပါးပင်ဖျက် ရွှေခရုတွေကျရောက်နေတာကြောင့် တောင်သူတွေအနေနဲ့ စပါးထွက်နှုန်းကောင်းဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။
စပါးပင်ဖျက်ရွှေခရုတွေကို နှိမ်းနင်ဖို့အတွက် ပိုးသတ်ဆေးတွေမှာလည်း နှစ်ဆကျော်ဈေးမြင့်တက်လာတာကြောင့် အရင်လို ဝယ်သုံးဖို့ အဆင်မပြေတော့လို့ နှိမ်းနင်ဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတောင်သူလယ်သမားတွေက ပြောပါတယ်။
“ ထိပ်ဆုံးက ကွင်းတွေမှာ အများဆုံးပဲ အဲ့ကောင်တွေက ဥချတာလည်း မြန်တယ် သူတို့ကို နှိမ်နင်းဖို့ကျတော့ ပိုးသတ်ဆေးတွေကလည်း ဈေးကြီးလွန်းလို့ ဝယ်မသုံးနိုင်ဘူး။ ဘဲအကူညီနဲ့ဖြေရှင်းနေရတယ်”လို့ ဘိုကလေး မြို့ခံ လယ်သမားတဦးက ပြောပါတယ်။
ရွှေခရုတွေကို နှိမ်းနင်ရာမှာ ဘဲတွေရဲ့အကူညီနဲ့ ဖြေရှင်းနေရသလို နေ့စားငှားပြီး လယ်ကွက်အလိုက် ငန်းတိုက်လိုက်ကောက်တာတွေပြုလုပ်နေရတယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်းမှာ နွေစပါးစိုက်ဧက ၁၄ သိန်းကျော်ရှိပြီး စစ်အာဏာသိမ်းပြီးနောက် သွင်းအားစုတွေဈေး နှစ်ဆကျော်မြင့်တာလို့ ဝယ်မသုံးနိုင်တာနဲ့ ရွှေခရုကျတာတွေကြောင့် စပါးထွက်နှုန်းသိသိသာသာကျဆင်းနိုင်တယ်လို့ လယ်သမားအများစုက သုံးသပ်ပြောဆိုပါတယ်။