Tuesday, May 30, 2023
HomeLead Storyဘန်ကောက်ဆန္ဒပြပွဲ အရှိန်မြှင့်တင်ရန် ပြင်ဆင်

ဘန်ကောက်ဆန္ဒပြပွဲ အရှိန်မြှင့်တင်ရန် ပြင်ဆင်

ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပဖို့ အစိုးရက ကြေညာထားတဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ဆန္ဒပြပွဲအရှိန်ကို မြှင့်တင်ဖို့ ထိုင်းဆန္ဒပြသူတွေ ဘန်ကောက်မြို့မှာ ပြင်ဆင်နေကြပါတယ်။

ထိုင်းဆန္ဒပြသူတွေက ရွေးကောက်ပွဲနေ့မှာ မဲပေးမှုကို နှောင့်ယှက်မယ်လို့ ပြောဆိုနေ ကြတာကြောင့် ဆန္ဒပြခေါင်းဆောင် ဆူသက် သောင်းဆုဘန်က ထိပ်တိုက်ရင်ဆိုင်မှုတွေ ရှောင်ရှားနိုင်ဖို့ ယခင် ပြောဆိုခဲ့တဲ့ ဆန္ဒမဲပေးတာကို အဟန့်အတားပေး၊ နှောင့်ယှက်ဖို့ မပြောတော့ဘဲ လူတွေ အချိန်အကုန်ခံပြီး မဲသွားပေးမနေနဲ့လို့ လျော့ချပြောဆိုခဲ့ပါတယ်။

095c0c0a-5191-47b2-aedb-24e553927dab.imgမဲပေးမှုကို အဟန့်အတားလုပ်ရင် အစိုးရအတွက် အပြစ်ရှာစရာဖြစ်မှာ ဖြစ်ပြီး အကြမ်းမဖက်တဲ့နည်းကသာ အကောင်းဆုံးလို့ ဆန္ဒပြသူတွေက ပြောဆိုခဲ့ပြီး ဆန္ဒပြခေါင်းဆောင် ပြောကြားချက်ကို ထောက်ခံခဲ့ပါတယ်။

ထိုင်းစစ်တပ်ကတော့ ရွေးကောက်ပွဲ ကျင်းပမယ့် ဖေဖော်ဝါရီ ၂ ရက်နေ့မှာ အကြမ်းဖက်မှု တွေ မဖြစ်အောင် ဘန်ကောက်မြို့တော် လုံခြုံရေးကို တိုးမြှင့်ထားမယ်လို့ ဆိုပါတယ်။

အစိုးရကတော့ ရွေးကောက်ပွဲ ကျင်းပဖို့ကို ဆက်လက် တွန်းအားပေးနေပြီး ရွေးကောက်ပွဲ ကျင်းပတဲ့ရက်မှာ ဘန်ကောက်မြို့မှာ ထိပ်တိုက်တွေ့ဆုံမှုတွေ ဖြစ်ပွားလာမှာကို စိုးရိမ်နေကြပါတယ်။

ရွေးကောက်ပွဲ ကျင်းပဖို့ လုပ်နေတဲ့ အစိုးရကို ဆက်လက်ဖိအားပေးတဲ့အနေနဲ့ ဘန်ကောက်မြို့က အဓိကလမ်းဆုံနဲ့ လမ်းမတွေကို အစိုးရဆန့်ကျင်သူတွေက ပိတ်ဆို့ခဲ့ကြပြီး ၀န်ကြီးဌာနရုံးတွေကိုလည်း မဖွင့်အောင် ဖိအားပေးခဲ့ကြပါတယ်။

နိုဝင်ဘာ ၃၀ ရက်ကတည်းက စတင်ခဲ့တဲ့ ထိုင်းဆန္ဒပြပွဲတွေမှာ လူ ၁၀ ဦး သေဆုံးခဲ့ပြီး ၅၇၇ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့ ဘန်ကောက်မြို့မှာ မှတ်တမ်းကောက်ယူနေတဲ့ အီရာဝန်ကျန်းမာရေးဌာနက ဆိုပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular