Home
မြန်မာသတင်း
မော်လမြိုင်စက်မှုဇုန်အနီး ဆိုင်ခန်း ၆၀ ကျော်ကို စစ်ကောင်စီက အင်အားသုံး ဖယ်ရှား
DVB
·
January 11, 2022

မွန်ပြည်နယ်၊ မော်လမြိုင်စက်မှုဇုန်အနီးဝန်းကျင်ရှိ လမ်းဘေးကျူးကျော် ဆိုင်ခန်း ၆၀ ကျော်ကို ဇန်နဝါရီ ၁၀ ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဌာနဆိုင်ရာတွေက အင်အားသုံး ဖယ်ရှားသွားတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။

ဒေသခံတွေအဆိုအရ လမ်းဦးစီးဌာနက ဇန်နဝါရီ ၁၀ ရက်နေ့ နောက်ဆုံးထားပြီး၊ ဆိုင်ခန်း အားလုံး အပြီးဖယ်ရှာပေးဖို့ သတိပေးစာပို့ထားတယ်လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ စစ်တပ်၊ ရဲအပါအဝင် ဌာနဆိုင်ရာပေါင်းစုံ ပါဝင်တဲ့ ပူးပေါင်း အင်အား ၁၀၀ ကျော်က ဖျက်ရလွယ်တဲ့ လမ်းဘေး ကျူးကျော်ဆိုင်ခန်း ၆၀ ကို တစ်ခါတည်း အင်အားသုံး ဖယ်ရှားသွားတာပါ။

ဒါပေမဲ့ အခိုင်အမာအဆောက်အဦရှိတဲ့ ဆိုင်ကြီးတွေကိုတော့ တစ်ပတ်အတွင်း အပြီးဖယ်ရှားကြဖို့ သတိပေးသွားတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ဆိုင်ခန်းတွေ အင်အားသုံး ဖယ်ရှားခံရလို့ လက်ရှိကာလမှာ မိသားစု စားဝတ်နေရေး အခက်အခဲ ရှိနေတဲ့အတွက်ကြောင့် ဈေးရောင်းလို့ရမယ့် နေရာတနေရာ ဖန်တီးပေးဖို့ ဆိုင်ခန်းပိုင်ရှင်တွေက လိုလားနေကြတာပါ။

မော်လမြိုင် စက်မှုဇုန်အနီးဝန်းကျင်မှာတော့ လမ်းဘေးကျူးကျော် ဆိုင်ပေါင်း ၁၀၀ ကျော် ရှိနေတာ ဖြစ်ပြီး၊ ပြီးခဲ့တဲ့ အန်အယ်လ်ဒီအစိုးရလက်ထက်တုန်းကလည်း ဖယ်ရှားကြဖို့ သတိပေးစာ ပေးပို့ထားတာပါ။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024